ကူးစက်ရောဂါပြန့်ပွားမှုဖြစ်နေစဉ်အချိန်တွင်းမှာ လူတွေဟာအလွယ်တကူစိုးရိမ်ကြောက်လန့်လွယ်ပြီး မလိုအပ်တဲ့လုပ်ဆောင်မှုတွေ ပြုလုပ်တတ် ကြပါတယ်။ အဓိကလိုအပ်တာက သတင်းအချက်အလတ်တွေစုဆောင်းဖို့ရယ် ကျွမ်းကျင်သူတွေပေးညွှန်ကြားချက်ကို တိတိကျကျ လိုက်နာကျင့်သုံးဖို့ ပါပဲ။ ဒါမှသာ ရောဂါကူးစက်မူနှုန်းကို ထိရောက်စွာ ထိန်းချုပ်နိုင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ကူးစက်ရောဂါ ပြန့်ပွားမှုနေစဉ်အတွင်းမှာ လုံခြုံ ကျန်းမာ အောင် ဘယ်လိုနေရမလဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပုံမှန်အသုံးပြုနေတဲ့ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ

Photo : No Jitter

ဒီအချက်ကအရေးကြီးပါတယ်။ နေ့စဉ်ထိတွေ့ကိုင်တွယ်နေရတဲ့ အရာတွေကိုသေချာစွာပိုးသက်နိုင်တဲ့ အရည်တွေနဲ့ သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။

(၂) အသားနဲ့ဥတွေကို သေချာစွာချက်ပြုတ်ပါ

Photo : The Telegraph

ရောဂါပိုးမွှားတွေဟာ သားစိမ်းငါးစိမ်းတွေဆီမှာ ကပ်ပါလာပြီး လူတွေကိုကူးစက်နိုင်ပါတယ်။ အစားအသောက်တော်တော်များများ ဥပမာ အသား၊ အသားစားကြက်၊ ငါး နှင့် ဥအမျိုးမျိုးတို့ကို သေချာစွာချက်ပြုက်စားသောက်သင့်ပါတယ်။ ပုံမှန်အားဖြင့် အစားအသောက်တွေဟာ အပူချိန် (၇၅) ဒီဂရီ ဆဲလ်စီးရပ်စ်ဝန်းကျင်ဖြင့် ချက်ပြုက်သင့်ပြီး စားသောက်နေတဲ့အချိန်မှာ အပူချိန် (၆၀) ဆဲလ်စီးရပ်စ်ဝန်းကျင် ရှိသင့်ပါတယ်။

(၃) တိရိစ္ဆာတွေနဲ့ ထိတွေ့မှုရှောင်ကျဉ်ပါ

Photo : CNBC

တိရိစ္ဆာန်တွေဟာ လူတွေကိုဖျားနာစေတဲ့ ရောဂါပိုမွှားတွေ သယ်ဆောင်ထားတတ်ကြပါတယ်။ ခြံတွင်းမှာ မွေးထားတဲ့ တိရိစ္ဆာန်တွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေဟာ ကူးစက်ရောဂါပြန့်ပွားနေစဉ်အတွင်းမှာ လူတွေအတွက် အန္တရာယ်ရှိပါတယ်။ ဖြစ်နိုင်သမျှ ဝေးဝေးမှာနေပေးပါ။ အကယ်၍ ထိတွေ့မှုရှိခဲ့ပြီဆိုပါကလည်း လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောပေးဖို့လိုအပ်ပါတယ်။

(၄) ရေဓာက်ပြည့်ဝနေပါစေ

Photo : Shutterstock

နေထိုင်မကောင်းဖြစ်နေတယ်လို့ခံစားရချိန်မှာ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အရည်တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်တောင် မသိလိုက်ခင်မှာ ရေဓာတ်တွေခန်းခြောက်နေတတ်ပါတယ်။ ဒါကြောင့် ရေကို တစ်နေ့ အနည်းဆုံး (၈) ခွက်ပြည့် အောင်သောက်ပေးဖို့လိုအပ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေကို စားသုံးပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

(၅) အခြေခံမရှိမဖြစ်လိုအပ်တာတွေကို သိုလှောင်ထားပါ

Photo : The Cornell Daily Sun

မိမိနေတဲ့ပက်ဝန်းကျင်မှာ ရောဂါကူးစက်မူဖြစ်ပွားပြီဆိုတာနဲ့ အိမ်ကနေမထွက်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် လိုအပ်တဲ့ အခြေခံစားသောက်ကုန် တွေ အသုံးအဆောင်တွေကို (၂) ပတ်စာသိုလှောင်ထားသင့်ပါတယ်။ မပျက်စီးနိုင်တဲ့ အစားအစာတွေ ခေါက်ဆွဲခြောက်အထုပ်တွေ၊ စည်သွပ်ဘူး တွေကအချိန်ကြာမြင့်စွာ သိုလှောင်ဖို့အကောင်းဆုံးပါ။ အိမ်သာသုံးစက္ကူ၊ ဆေးဝါးပစ္စည်း၊ အိမ်မွေးတိရိစ္ဆာတွေအတွက် အစားအစာတွေ စသဖြင့် ဝယ်ယူသိုလှောင်ထားဖို့လည်း လိုအပ်ပါတယ်။ အဓိကအရေးအကြီးကတော့ ရေကိုလုံလုံလောက်လောက် သိုလှောင်ထားဖို့ပါပဲ။

(၆) Face-mask တွေကို ဂရုတစိုက်အသုံးပြုပါ

Photo : Your.MD

ပုံမှန်အားဖြင့်တော့ face-mask တွေကအသုံးဝင်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက face-mask သုံးပုံသုံးနည်းကို မသိကြပါဘူး။ သုံးပုံသုံးနည်းမမှန်ဘူးဆိုရင် ရောဂါကို မကာကွယ်ဘဲ ဖိတ်ခေါ်နေသလိုဖြစ်နေတတ်ပါတယ်။ face-mask တစ်ခုမှာ အရောင်ပါတဲ့ဖက်ဟာ အပြင်ဘက်မှာထားရပြီး အရောင်မှိန်တဲ့ဖက်က အတွင်းဘက်မှာထားရတာပါ။ ပြီးတော့ တစ်ခါသုံး face-mask တွေကိုလည်း အသုံးပြုပြီးတာနဲ့ သေချာစွာလွှတ်ပစ်ဖို့လိုအပ်ပါသေးတယ်။

(၇) သတင်းအချက်အလက်တွေကို နားစွင့်ပါ

Photo : Storyblocks

ကူးစက်ရောဂါဖြစ်ပွားနေစဉ်အချိန်ကာလအတွင်းမှာ သတင်းအချက်အလက်တွေကို နာစွင့်နေဖို့အရေးကြီးပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွတ်ပြီး လိုအပ်ပါက ကိုယ်တိုင်ပူးပေါင်းပါဝင်ရပါမယ်။ ဒီအချိန်မှာ သတင်းအမှားတွေကို တတ်နိုင်သမျှ မဖတ်ဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။