ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဟာ ကိုယ့်ခြေကိုယ်လက် လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပြီး အကျိုးအမြတ်နဲ့စွန့်စားမှုမှာလည်း ဝန်ထမ်းဘဝထက် ပိုများပါတယ်။ ဒါကြောင့်ပဲ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းသေးသေးလေး စတင်ထူထောင်တော့မယ်ဆိုရင် ကိုယ့်ဘက်က တတ်နိုင်သမျှ စည်းစနစ်တကျ ပြင်ဆင်ဖို့လိုပါတယ်။

တကယ်လို့လုပ်ငန်းသေးသေးလေးကနေ စတင်ပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်တော့မယ်ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အခုပြောမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) ဈေးကွက်ကို လေ့လာပါ

Managers discussing business activity

Photo : Freepik

ထုတ်ကုန်နဲ့ဝန်ဆောင်မှု ပေးနေသလဲဆိုတာ စိစစ်ပြီး ကိုယ့်ဘက်က ဘာတွေလုပ်နိုင်မလဲ ရှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်နေဖို့ပါပဲ။

(၂) အစီအစဉ်တစ်ခု ဆွဲပါ

Woman draws graphics on white board and holds presentation

Photo : Freepik

စီးပွားရေးအစီအစဉ်တစ်ခု ရေးဆွဲဖို့က ဒုတိယအဆင့်ပါ။ ခေါင်းထဲက စိတ်ကူးကို အကောင်အထည်ဖော်သွားမယ့် မြေပုံတစ်ခုကို ချရပါမယ်။ ဒီထဲမှာတစ်ခြားသူတွေဆီက ငွေကြေးနဲ့ရင်းနှီးမြှပ်နှံမှုကို ရှာဖွေသွားမယ်ဆိုရင်လည်း သီးသန့်စီးပွားရေးအစီအမံတစ်ခုကို ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ရေးဆွဲဖို့လိုပါတယ်။

(၃) ငွေကြေးကို စီစဉ်ပါ

an entrepreneur working from home on his personal finances and savings

Photo : Freepik

လုပ်ငန်းတစ်ခုထောင်ဖို့အတွက် ပိုက်ဆံအများကြီး မလိုပေမယ့် လုပ်ငန်းကနေ အမြတ်မထွက်ခင်ကြား ကာလမှာတော့ ဒီလုပ်ငန်းပေါ် သုံးစွဲရတာတွေ ရှိပါတယ်။ လုပ်ငန်း လိုင်စင်ဆောင်တာ ၊ မှတ်ပုံတင်တာ အပါအဝင် နောက်ဆုံး ရုံးခန်းငှားတာ ၊ ဈေးကွက်ဆင်းတာ ၊ လစာပေးတာကအစ ငွေကြေးကို စီမံတတ်ဖို့လိုပါတယ်။

(၄) စီးပွားရေး ပုံစံရွေးချယ်ပါ

usiness concepts, business planning and team work with copy space

Photo : Freepik

စီးပွားရေးပုံစံဆိုရာမှာ တစ်ဦးပိုင်သွားမလား ၊ ပါတနာနဲ့သွားမလား ၊ ဒါမှမဟုတ် ကော်ပိုရေးရှင်းပုံစံနဲ့ထွ်ကမလား ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ကနဦး စီးပွားရေးမော်ဒယ်ကို ရွေးပြီးမှသာ စီးပွားရေးအလားအလာအတိုင်း ကိုယ်သွားချင်သလို သွားလို့ရအောင် ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

(၅) လုပ်ငန်းနာမည်ပေးပြီး မှတ်ပုံတင်ပါ

 candidate signing application form

Photo : Freepik

အလုပ်ခွင်မှာ သုံးနိုင်ဖို့လုပ်ငန်းနာမည်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လုပ်ငန်းဝက်ဘ်ဆိုက်ပါ တစ်ခါတည်း ရွေးချယ် နာမည်ပေးသင့်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ မှတ်ပုံတင်မှု ၊ ရုံးခန်းငှားမှု ၊ ငွေကြေးစီမံမှု ပုံစံတွေချပြီးလို့ဝန်ထမ်းခန့်ပြီး လုပ်ငန်း လည်ပတ်တာနဲ့ဖောက်သည်တွေကို ဆွဲဆောင်ဖို့လိုအပ်တဲ့ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်တွေ ရေးဆွဲရတော့မှာပါ။

ဒီအတွက် လုပ်ငန်းခွင်ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးတာ ၊ အကြံတောင်းတာအပြင် ကိုယ့်အရှေ့မှာ အောင်မြင်နေသူတွေရဲ့ နမူနာကို ယူပြီး ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုကို အရည်အသွေးမြှင့်နေရမှာပါ။ ဒါတွေကတော့ Step-By-Step သွားရမယ့် အစီအစဉ်တွေ ဖြစ်ပြီး အခါအားလျော်စွာ လုပ်ငန်းအတွက် လိုအပ်တဲ့ အတွေ့အကြုံ ၊ ဗဟုသုတတွေကို ဖြည့်ဆည်းဖို့လည်း လိုပါတယ်။