ကိုယ့်ကို တကယ်ခင်လို့ ပေါင်းနေတဲ့သူတွေလည်းရှိသလို၊ လိုအပ်လို့ပေါင်းနေတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့် ကိုယ့်အပေါ်မှာ တကယ်ခင်တဲ့သူငယ်ချင်းဟုတ်မဟုတ် သိနိုင်မယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်အပေါ်တကယ်မခင်တဲ့သူဟာ ကိုယ်အောင်မြင်သွားမှာ၊ သူတို့ထက်ပိုတော်သွားမှာ၊ ပိုလှသွားမှာကို အရမ်းကြောက်ကြပါတယ်။ သူ့တို့ပိုတော်သွားရင်၊ ပိုလှသွားရင်လည်း မနာလိုဖြစ်တတ်ကြပါတယ်။ နောက်တစ်ခုကတော့ သူငယ်ချင်းယောင်ဆောင်ပြီး ချောက်တွန်းတတ်တာပါပဲ။ ကိုယ်အောင်မြင်နေတဲ့အချိန်၊ ကိုယ်အမြင့်ရောက်နေတဲ့အချိန်နဲ့ ကိုယ်ငွေရေးကြေးရေးအဆင်ပြေနေချိန်မှာပဲ ကိုယ့်အပေါ်ကောင်းပြနေကြတာပါ။ ဒီလိုအချိန်မှာပဲ ကိုယ်နဲ့ပေါင်းသင်းကြတာပါ။ ကိုယ်ကျရှုံးတဲ့အချိန်နဲ့ ကိုယ့်မှာမရှိတော့တဲ့အချိန်မှာတော့ အနားကနေထွက်သွားတတ်ကြပါတယ်။

Source: www.taw.com.au

တစ်ခုခုဆို သင့်ကိုအရမ်းဝေဖန်တတ်ပါတယ်။ ဘာပဲလုပ်လုပ်သူများတွေလို အကောင်းမပြောပဲ တချိန်လုံးရှုံ့ချပြီး ဝေဖန်တတ်နေတတ်တာမျိုးပါ။ တစ်ခုခုဆို သင့်အားနည်းချက်ကိုပဲ ဖိနှိမ်ပြီးပြောတာမျိုးတွေ၊ လှောင်ပြောင်ကဲ့ရဲ့တာမျိုးတွေလုပ်တတ်ပါတယ်။ ကိုယ့်ကိုစတာမျိုးမဟုတ်ပဲ အရှက်ကွဲလိုစိတ်နဲ့ပြောတတ်တဲ့သူတွေဟာ သင့်ကိုဟန်ဆောင်ပေါင်းနေတဲ့သူတွေပါပဲ။

Source: www.youngisthan.in

အဆိုးဆုံးကတော့ သူငယ်ချင်းယောင်ဆောင်ပြီး နောက်ကျောကိုဓားနဲ့ထိုးတာပါပဲ။ အဲ့လိုလူတွေဟာ သင့်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တတ်ပါတယ်။ ဒီလိုလူမျိုးနဲ့ပေါင်းနေမိတာကိုသိလိုက်ရတာနဲ့ ချက်ချင်းပြတ်စဲပါ။ မကောင်းပဲသိရက်နဲ့ဆက်ပေါင်းနေရင်တော့ သူ့အလွန်မဟုတ်တော့ဘူး။ သင့်အလွန်ဖြစ်သွားပါပြီ။

Source: www.videoblocks.com

အခုနောက်ပိုင်းမှာကြုံတွေ့နေရတဲ့ သူငယ်ချင်းအချင်းချင်း စနိုက်ကြော်ခံရတာမျိုးတွေဟာ အရမ်းစိတ်ပျက်စရာကောင်းလွန်းပါတယ်။ ကိုယ့်အပေါ်တကယ်ခင်တဲ့ သူငယ်ချင်းသာဆိုရင် ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ ကိုယ့်အပေါ်တကယ်မခင်လို့သာ ကိုယ့်ဘက်ကိုမကြည့်ပဲ သူငယ်ချင်းအချင်းချင်း ဒီလိုသစ္စာဖောက်တဲ့လုပ်ရပ်မျိုးကိုလုပ်ကြတာပါ။ ဒီလိုလူတွေကို သူငယ်ချင်းစာရင်းကနေ အပြီးပိုင်စွန့်လွှတ်ပစ်ပါ။

Source: www.elnuevodiario.com