Relationship တိုင်းမှာတော့ ပြဿနာက တစ်ခုမဟုတ်တစ်ခု ရှိကြတာပါပဲ။ အရေးကြီးတာကတော့ ပြဿနာကို သေချာဖြေရှင်းတတ်ဖို့ပါပဲ။ ပြဿနာကို သေချာမဖြေရှင်းတတ်ရင် ပိုဆိုးတဲ့အခြေအနေကို ရောက်သွားဖို့ပဲ ရှိပါတယ်။ ဒါကြောင့် Relationship တစ်ခုမှာ ပြဿနာဖြစ်လာရင် သေချာဖြေရှင်းသင့်တဲ့ နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

သေချာအောင်အတည်ပြုပါ

အကြောင်းအရာတစ်ခုခုကို သိလာပြီဆိုတာနဲ့ အရင်ရန်ရှာတာမျိုးတွေမလုပ်ပဲ သေချာအောင် အရင်အတည်ပြုပါ။ ကိုယ်သိလာတဲ့အကြောင်းအရာက မှန်ကန်ပြီဆိုမှ လုပ်စရာရှိလာ ဆက်ပြော၊ ဆက်လုပ်ပါ။ မဟုတ်ရင်တော့ မသေချာပဲ စွပ်စွဲပြောဆိုတယ်ဆိုပြီး ကိုယ့်အမှားဖြစ်သွားပါလိမ့်မယ်။

တစ်ဖက်လူပြောတာကိုနားထောင်ပါ

ပြဿနာအရင်ရှာတာမျိုးမလုပ်ပဲ အရင်မေးပြီး တစ်ဖက်လူပြောတာကို နားထောင်ပါ။ စိတ်အေးအေးထားပြီး ပြောဆိုပြုမူပါ။ စိတ်တိုပြီး ထင်ရာစိုင်းလိုက်ရင် အမှားတွေ ဖြစ်သွားနိုင်ပါတယ်။ ပြဿနာကိုလည်း သေချာဖြေရှင်းနိုင်တော့မှာ မဟုတ်ပါဘူး။

စဉ်းစားပါ

တစ်ဖက်လူပြောတာကို နားထောင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားပါ။ သေချာစဉ်းစားပြီးမှ ပြောပါ၊ လုပ်ဆောင်ပါ။ ဒါဆိုရင် အမှားနည်းပါတယ်။ ပြဿနာလည်း ပြေလည်ဖို့ ပိုလွယ်ကူပါတယ်။

ညှိုနှိုင်းပါ

ပြဿနာတစ်ခုကြောင့်နဲ့ Relationship ပြိုလဲသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ညှိုနှိုင်းပါ။ ညှိုနှိုင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ နောက်ထပ်မဖြစ်အောင်လည်း ကြိုတင်ပြောဆိုထားဖို့တော့ လိုပါမယ်။

စိတ်လက်မာန်ပါမလုပ်ပါနဲ့

အကြောင်းအရာတစ်ခု၊ ပြဿနာတစ်ခုဖြစ်ပြီဆိုရင် ဘာမှမစဉ်းစားပဲ ဒေါသကြီးနေတာ၊ တစ်ခုခုဆို လက်ပါတာ၊ စိတ်လက်မာန်ပါလုပ်တာတွေက အခြေအနေ ပိုဆိုးလာဖို့ကိုပဲ ဦးတည်နေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သေချာဖြေရှင်းချင်တယ်ဆိုရင် စိတ်လက်မာန်ပါနဲ့ လုံးဝမလုပ်ပါနဲ့။