ဉာဏ်ကောင်းတယ် ၊ ထက်မြက်တယ်ဆိုတာက နှုတ်ကကိုယ်တိုင် ထုတ်ပြောမှ သိရတဲ့အရာမဟုတ်ပါဘူး။ တစ်ခါတစ်လေ စကားလုံးတွေအများကြီးပြောတာထက် အပြုအမူတွေက ပိုထိရောက်ပါတယ်။ သင်က ဗဟုသုတရှိပြီး ထိုးထွင်းသိမြင်တတ်သူဖြစ်ကြောင်း ၊ ဘာမှမပြောဘဲ သင့်ရဲ့ဉာဏ်ရည်ကို သက်သေပြနိုင်ဖို့စကားလုံးတစ်လုံးမှ မပြောဘဲ ဒီလိုလုပ်နိုင်ပါတယ်။

ဂရုတစိုက်နားထောင်တာ

နားထောင်ကောင်းသူတစ်ယောက်ဆိုတာ ဆိတ်ဆိတ်နေရုံသာမက တခြားလူပြောနေတဲ့စကားကိုလည်း တကယ်နားလည်တဲ့သူပါ။ ပြောနေတဲ့လူအပေါ် အာရုံစိုက်မှုကို အပြည့်အဝပေးပြီး သူတို့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို စစ်မှန်တဲ့ စိတ်ဝင်စားမှုနဲ့ နားထောင်ပေးဖို့လိုပါတယ်။ စကားဝိုင်းတစ်ခုမှာ ပြောတဲ့သူထက် နားထောင်သူအဖြစ် နေကြည့်ပါ။ သင့်အပေါ် လူတွေရဲ့ ခံယူချက် ပြောင်းလဲသွားတာကို တွေ့နိုင်ပါတယ်။

ပုံမှန်စာဖတ်တာ

ဒစ်ဂျစ်တယ်မီဒီယာခေတ်မှာ စာအုပ်ကိုင်ပြီးစာဖက်တာက တချို့လူတွေအတွက် ခေတ်နောက်ကျတယ်လို့ထင်ရပေမယ့် သင့်ရဲ့အသိပညာကို ကျယ်ပြန့်စေပြီး ထက်မြက်စေတဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ စာဖက်ခြင်းကြောင့် မတူညီတဲ့ ရှု့ထောင့်တွေကနေ ထိုးထွင်းသိမြင်နိုင်စေတာကလည်း ဉာဏ်ရည်ဉာဏ်သွေးရဲ့ အမှတ်အသားတစ်ခုပါပဲ။

Pressure ထိန်းနိုင်တာ

ဘဝဆိုတာ အမြဲတမ်း ဖိအားတွေနဲ့ ပြည့်နှက်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သင့်ဉာဏ်ရည်ဉာဏ်သွေးက အများကြီးပြောနိုင်ပါတယ်။ စိတ်ခံစားမှုးကို စီမံခန့်ခွဲနိုင်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေ ခက်ခဲတဲ့အခြေအနေတွေကို ထိရောက်စွာ ဖြတ်ကျော်နိုင်တာကလည်း ဉာဏ်ရည်ဉာဏ်သွေးရဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုပါ။

စာနာမှုရှိတာ

ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့သူတွေက တခြားသူတွကို နားလည်မှုရှိတဲ့လူပါ။ သင်ဟာ ဉာဏ်ကောင်းရုံသာမက ကြင်နာတတ်ပြီး စာနာတတ်တဲ့သူဖြစ်ကြောင်း တခြားသူတွေကို ပြသလိုက်ပါ။ ဒါကြောင့် တစ်ယောက်ယောက်က သူတို့ရဲ့ခံစားချက်တွေကို ဝေမျှတဲ့အခါ သူတို့ဘယ်လောက်ပင်ပန်းနေတယ်ဆိုတာကို တကယ်နားလည်ဖို့ စကားတစ်ခွန်းမှ မပြောဘဲ အချိန်ခဏပေးပါ။

စိတ်ရှည်သည်းခံတာ

သည်းခံတယ်ဆိုတာက သီလတစ်ခုတင်မကပါဘူး။ ဒါကလည်း အသိဥာဏ်ရဲ့ လက္ခဏာတစ်ခုပါပဲ။ ဥာဏ်ကောင်းတဲ့သူတွေက အချိန်ယူရတယ်ဆိုတာ နားလည်တာမလို့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေကို စိတ်ရှည်သည်းခံဖို့ မမေ့ပါနဲ့။ အရည်အသွေးကို မြန်နှုန်းထက် တန်ဖိုးထားတတ်တာကလည်း ဉာဏ်ရည်ဉာဏ်သွေးရဲ့ လက္ခဏာတွေပါပဲ။