တစ်ချို့လူတွေက စကားအရမ်းပြောကြတတ်ကြပါတယ်။ သူတို့ရဲ့အတွေးတွေကို ဖော်ပြဖို့ဆိုရင် တော်ရုံနဲ့ မရပ်တန့်နိုင်ကြဘူး။ တခြားသူအပေါ် ယဉ်ကျေးဖို့လိုသလို တစ်ဦးနဲ့တစ်ဦး စကားပြောနေချိန်မှာ ကြားဖြတ်စကား မဆိုဖို့ရန်လည်း အရေးကြီးပါတယ်။

ဒါပေမယ့်လည်း စကားတွေတောင်စဉ်ရေမရပြောပြီး အချိန်မဖြုန်းပဲ ဆိုလိုရင်း အဓိကအချက်ကို ပြောဖို့တော့လိုပါတယ်။ တန်ဖိုးရှိတဲ့သင့်ရဲ့အချိန်တွေကို တန်ဖိုးမရှိတဲ့စကားတွေ နားထောင်ပြီး မဖြုန်းပစ်လိုက်ပါနဲ့။ ဒီနေ့ စကားများတဲ့လူတွေဆီကနေ မိမိကိုယ်ကို ဘယ်လိုကယ်တင်မလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။

ယဉ်ကျေးစွာနားထောင်ပါ

ပထမအချက်အနေနဲ့ စိတ်ရှည်သည်းခံ နားထောင်တတ်ပါစေ။ တခြားလူက မိမိကို ဘာပြောဖို့ကြိုးစားနေသလဲ ဆိုတာကို ခန့်မှန်းတွက်ဆတတ်ဖို့ အရေးကြီးပါတယ်။ အရေးကြီးတဲ့အကြောင်းအရာ သို့မဟုတ် ခံစားချက်တွေ ပြောပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို သူ့ကိုအထင်ကြီးအောင် ပြောပြချင်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ့်ကို အရေးကြီးတဲ့စကားပြောမယ်ဆိုရင် စကားတွေဖောင်ဖွဲ့မနေဘဲ လိုရင်းကိုပဲပြောလိုက်ပါ။

လိုရင်းကိုထပ်ခါတလဲလဲပြန်မေးပါ

ပြောချင်တဲ့ ခေါင်းစဉ်အောက်မှာ စကားလမ်းကြောင်းလွဲသွားအောင် စကားတွေကို ချဲ့ကားပြောဆိုတတ်တဲ့ လူတွေကို တွေ့ကြုံရလေ့ရှိမှာပါ။ ထိုအခါ စကားဝိုင်းရဲ့ အဓိကဆိုရင်းက ဘာလဲဆိုတာကို သတိပေးဖို့ လိုပါလိမ့်မယ်။ သင့်အနေနဲ့ စကားဝိုင်းနှင့်ပတ်သက်တဲ့ အကြောင်းရင်းတစ်ခုကို ထမေးလိုက်ပါ၊ အဲ့ဒီ့အခါ သူတို့ရဲ့ ဆိုရင်း အဓိကအကြောင်းအရာဆီ စိုက်စိုက်မြိုက်မြိုက် ပြန်ရောက်လာပါလိမ့်မယ်။ သင့်ရဲ့အချိန်တွေကို သူတို့လေးစားဖို့လိုတယ်ဆိုတာပြဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

စကားဖြတ်ပြောလို့ရ၊ မရ မေးပါ

အထက်ပါအချက်များနှင့် ဒီစကားဝိုင်းပြီးဖို့ သင်ကြိုးပမ်းအားထုတ်ပြီးတာတောင် သူတို့အနေနဲ့ စကားပြောရပ်မသွားဘူးဆိုရင် ဒီအချိန်မှာ “ကိုယ်ရည်ကိုယ်သွေး” ပြခန်း၏ အမြင့်ဆုံးအပိုင်းကိုရောက်လာပါပြီ။ သင်စကားဖြတ်ပြောလိုက်လို့ သူတို့ စိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင်တောင် ယုံကြည်မှုရှိရှိ သူတို့ကို မေးခွန်းထုတ်လိုက်ပါ။

တစ်ချို့ကတော့ စကားဝိုင်းက အချိန်ကြာပြီး ငြီးငွေ့စရာ ကောင်းလာပြီဆိုတာကို နားလည်သဘောပေါက် ကြပါလိမ့်မယ်။ တစ်ချို့ကတော့ သူတို့ပြောနေတာကို ရပ်လိုက်ရလား သင့်ကို မေးကောင်းမေးလာပါလိမ့်မယ်။ အကယ်၍ သင့်မှာ တကယ့်ကို ရွေးချယ်စရာမရှိသည့်နောက် သူတို့စကားပြောကိုရပ်တန့်ဖို့ရာ တကယ့်ကို ထိရောက်မည့် နည်းလမ်းတစ်ခု ရှိနိုင်ပါသေးတယ်။ သူတို့က အခြားအကြောင်းအရာကို ပြောဖို့ဟန်ပြင်လိုက်လျှင် ချက်ချင်း နောက်တစ်ကြိမ် စကားဝင် ဖြတ်ပြောလိုက်ပါ။

အချိန်မရှိကြောင်းပြောပါ

တစ်ခါတစ်ရံ လူတွေက အရိပ်ခြည်နားမလည်ကြဘူး။ အချိန်မရှိကြောင်းပြောခြင်းဟာ ထိခိုက်နစ်နာစေလိုတဲ့ အကြောင်းတစ်ခုတော့ မဟုတ်ပါဘူး။ သင့်မှာ ဒီအကြောင်းကို ထပ်နားထောင်ဖို့ရာ အချိန်မရှိကြောင်း ပြောခြင်းအားဖြင့် ဒီထက်ပိုအနှောက်အယှက်မခံချင်သလို အလုပ်အရမ်းရှုပ်နေပြီဖြစ်ကြောင်းကို ဖော်ပြရာလည်း ရောက်ပါတယ်။ “အချိန်ရှိခိုက် လုံ့လစိုက်ရမယ်” လို့လည်း ထပ်ဖြည့်ပြောနိုင်ပါတယ်။

စကားပြောချိန်အတိအကျ သတ်မှတ်ထားပါ

စကားပရိယာယ်သုံးပြီး သင့်မှာ အချိန်ဇယားအတိအကျရှိကြောင်း သူတို့ကို အသိပေးထားပါ။ တစ်ချို့ကိစ္စတွေမှာ အချိန်မရှိကြောင်း၊ လုပ်စရာအလိုတွေအရမ်းများနေတဲ့အကြောင်း ပြောဆိုပြီး ငြင်းဆိုနိုင်ပါတယ်။