ခေါင်းမှာ ဗောက်မဟုတ်ဘဲ အဖြူအဖတ်ဖတ်တွေ ကပ်နေတာမျိုး ဖြစ်ဖူးမှာပါ။ ဒါတွေက ဦးရေပြားမှာ ချွေးနဲ့ ဆဲလ်အသေတွေကြောင့် ဒါမှမဟုတ် ဦးရေပြားမှာရှိတဲ့ အဆီပိုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို ကုစားနိုင်ဖို့ အရေပြား အထူးကုဆရာဝန်တွေ ပြောပြထားတဲ့နည်းလမ်းတွေကို ပြန်ပြီးဝေမျှပေးချင်ပါတယ်။

ဦးရေပြားကို သန့်ရှင်းအောင်ထားတာက ဉီးရေပြားမှိုစွဲတာကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းပါ။ အများကြီးဖြစ်နေတာကို သတိထားမိပြီဆိုရင် ဦးရေပြားကို သန့်ရှင်းအောင်ထားဖို လိုပါပြီ။ အဆီပြန်တဲ့ ဦးရေပြားရှိရင် နေ့တိုင်းလျှော်ဖို့နဲ့ ဆံပင်ကခြောက်ပြီး ပျက်စီးနေတာမျိုး အရောင်ဆိုးထားတဲ့ ဆံပင်မျိုးဆိုရင်တော့ သုံးရက်ကနေ ငါးရက် တစ်ကြိမ် လျှော်ပေးပါ။

ခေါင်းလျှော်တဲ့အခါ Exfoliating Scalp Brush လိုမျိုးသုံးပြီး ဦးရေပြားကို နှိပ်ပေးပါ။ လက်သည်းနဲ့ကုတ်တာက ဉီးရေပြားရဲ့ Skin Barrier ကို ပျက်စီးစေတာမလို့ နှိပ်တဲ့အခါ လက်သည်းအစား လက်ထိပ်လေးတွေကို သုံးပေးပါ။

မျက်နှာကို ပုံမှန် Exfoliation လုပ်ပေးသလိုမျိုး ဉီးရေပြားကိုလည်း Exfoliation လုပ်ပေးဖို့လိုပါတယ် ။ ဦးရေပြားကို တစ်ပတ်လျှင် တစ်ကြိမ် သို့ နှစ်ကြိမ် Chemical Exfoliation နဲ့လုပ်ပေးပါ။

ခေါင်းလျှော်တဲ့အခါ သုံးတဲ့ခေါင်းလျှော်ရည်ကို သေချာမဆေးတဲ့အခါ ဉီးရေပြားပေါ်မှာကျန်နေခဲ့တာတွေက ကြာလာရင် ဉီးရေပြားမှိုစွဲတာကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ သေချာလျှော်ပေးပါ။ ဉီးရေပြားကို သန့်စင်ပေးနိုင်တဲ့ Clarifying Shampoo ကို သုံးပေးပါ။

လူသုံးများလာတဲ့ Dry Shampoo တွေကလည်း ဉီးရေပြားမှိုစွဲတာကိုဖြစ်စေတဲ့အရာတွေမှာ ပါပါတယ်။ Dry Shampoo ကြောင့် ဆဲလ်တွေက ကြွေပြီး ဉီးရေပြားမျက်နှာပြင်ကို ပိတ်တာမျိုးဖြစ်တတ်တာကြောင့် တစ်ခါတရံ သုံးတာပြဿနာမရှိပေမယ့် မကြာမကြာတော့ မသုံးသင့်ပါဘူး။

နောက်ထပ် သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းကတော့ Scalp Treatment ယူတာပါ။ ဦးရေပြားမှာ ပိတ်နေတဲ့အညစ်အကြေးတွေကို ဖယ်ထုတ်ဖို့နဲ့ အာဟာရဖြစ်စေတဲ့ ပါဝင်ပစ္စည်းများနဲ့ ရေဓာတ်ဖြည့်ဖို့ Scalp Treatment ကလည်း လိုအပ်ပါတယ်။

ဉီးရေပြားမှိုဆွဲတာကြောင့် ဉီးရေပြားယားတာ ၊ ပူတာမျိုးတွေဖြစ်လာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ ပြဖို့လိုပါပြီ။