မိတ်ကပ်လိမ်းပြီးရင် သေချာပြောင်အောင်၊ သန့်စင်သွားအောင် ဖျက်ဖို့အတွက်က အရမ်းရေးကြီးပါတယ်။ ဒီအဆင့်ကို သေချာမလုပ်ပဲ မျက်နှာသစ်မယ်ဆိုရင် အညစ်အကြေးတွေ ပြောင်မှာမဟုတ်ပါဘူး။ နောက်ဆက်တွဲကတော့ ဝက်ခြံနဲ့ အဆီဖုတွေ ပေါက်လာမယ်၊ မျက်နှာအသားအရေ ညစ်ညစ်ကြီးဖြစ်လာမယ်၊ skincare ဘာလိမ်းလိမ်း မထူးခြားဘူးဆိုတာမျိုးတွေ ဖြစ်လာပါမယ်။ ဒါကြောင့် နည်းလမ်းမှန်မှန်နဲ့ သေချာသန့်စင်သွားအောင် မိတ်ကပ်ဖျက်နည်းကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်သေချာသိမ်းပါ

မိတ်ကပ်ဖျက်တော့မယ်ဆိုရင် ဆံပင်တွေကို သေချာသိမ်းပါ။ ဒါမှ မိတ်ကပ်ဖျက်ရတာလည်း ရှင်းရှင်းလင်းလင်းဖြစ်ပါမယ်။ ဆံပင်တွေသေချာမသိမ်းလို့ ကျနေရင် ပွတ်မိတဲ့အခါ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။

နှုတ်ခမ်း

မိတ်ကပ်ဖျက်တော့မယ်ဆိုရင် အရင်ဆုံး နှုတ်ခမ်းနီကို အရင်ဖျက်ရပါမယ်။ Cotton pad ကို နှမြောပြီး မျက်နှာတစ်ပြင်လုံးအတွက် တစ်ခုထဲမသုံးပါနဲ့။

မျက်လုံး

ဒုတိယအဆင့်က မျက်လုံးမှာခြယ်သထားတာတွေကို cotton pad တစ်ခုသပ်သပ်သုံးပြီး ဖျက်ပေးပါ။ မျက်လုံးမှာခြယ်ထားတာတွေကို သေချာပြောင်အောင်မဖျက်ရင် မျက်တောင်ကျွတ်တာ၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းပေါ်တာတွေ ဖြစ်လာမှာပါ။

မျက်နှာ

နောက်ဆုံးမှာတော့ မျက်နှာပေါ်က မိတ်ကပ်တွေ၊ အညစ်အကြေးတွေ ပြောင်သွားအောင် cotton pad နောက်တစ်ခုသုံးပြီး ဖျက်ပေးပါ။

မျက်နှာသစ်ဆေး

မိတ်ကပ်တွေကို သေချာဖျက်ပြီးပြီဆိုရင်တော့ နောက်ဆုံးမှာ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ လိမ်းထားတဲ့မိတ်ကပ်တွေ၊ မျက်နှာပေါ်မှာကပ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ အားလုံး သန့်စင်သွားပါပြီ။ မျက်နှာသစ်ပြီးရင် ကိုယ်လိမ်းနေကျ skincare တွေပြန်လိမ်းပေးပါ။