ဒေါက်ဖိနပ်စီးလေလေ သင့်ရဲ့ ခြေကျင်းဝတ်တွေ၊ ခြေဖနောင့်တွေနဲ့ ခြေထောက်တွေ ပိုပြီး နာကျင် ညောင်းညာလေလေပါပဲ။

အထူးသဖြင့် သင့်ရဲ့ ခြေဖနောင့်က ဒေါက်ဖိနပ်ကြောင့် ပိုပြီးနားကျင်ကြပါတယ်။ လေ့လာတွေ့ရှိမှုအရ ဒေါက်ဖိနပ်အစီးများတဲ့သူတွေဟာ ခြေချောင်းလေးတွေနာကျင်ခြင်း၊ ခြေဖနောင့်နာကျင်ခြင်းနဲ့ ခြေထောက်အရွတ်ကြော ထိခိုက်ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဒေါက်ဖိနပ်စီးပြီး သင့်ရဲ့ ခြေထောက်ကို အနားပေး ဂရုစိုက်ဖို့လိုပါတယ်။

ဖိနပ်မပါဘဲ လမ်းလျှောက်ပါ

ဒေါက်ဖိနပ်တစ်ပတ်လုံး စီးထားလို့ ခြေထောက်နာကျင်တဲ့အခါ အနားယူတဲ့ ရက်တွေမှာ ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်ပေးပါ။ ခြေထောက်နဲ့ ကြမ်းပြင်ကို ခပ်ဖွဖွလေးထိပြီး ခြေဖဝါးထောက် လျှောက်ပါ။

အရည်ကြည်ဖုတွေကို ဂရုစိုက်ပါ

ခြေထောက်မှာ အရည်ကြည်ဖုတွေ၊ ဖိနပ်ပေါက်တာတွေ ဖြစ်လာတဲ့အခါ ရှောင်ကြဉ်လို့မရပါဘူး။ ဒါ့ကြောင့် ခြေထောက်ကို ရေသေချာဆေးပြီး ရေခဲအေးအေးနဲ့ ကပ်ပေးတာမျိုး လုပ်နိုင်ပါတယ်။

ခြေထောက်ကို ရေစိမ်ပါ

ရေနွေးနွေး၊ ဆား၊ အုန်းဆီ (သို့) သံလွင်ဆီနည်းနည်းရောပြီး ခြေထောက်ကို ပွတ်လိမ်းလိုက်ကာ ရေနွေးနွေးလေးကို ဇလုံထဲထည့်ပြိး ခြေထောက်ကို ခဏစိမ်ထားပါ။ ၅ မိနစ်လောက် စိမ်ထားပါ။

ခြေထောက်ကို နှိပ်ပေးပါ

ခြေထောက်အသားအရေကို ထိန်းသိမ်းတဲ့အနေနဲ့ရော ညောင်းညာတာ သက်သာဖို့ရော ခြေထောက်ကို သေချာလေး နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။

ဖိနပ်ပါးပါးစီးပါ

ဖိနပ်အမြင့်တွေပဲ အမြဲတမ်းမစီးဘဲ ဖိနပ်ပါးပါးလေး စီးကြည့်ပါ။ ဖိနပ်အပါးစီးရာမှာ ညှပ်ဖိနပ်ထက် ဂွင်းထိုးဖိနပ် အပါးကို စီးပေးနိုင်ပါတယ်။

ညအိပ်ယာမဝင်ခင်တိုင်း ခြေထောက်ကိုရေသေချာဆေးပြီး ခရင်မ်လိမ်းအိပ်ပါ

ညအိပ်ယာမဝင်ခင် ခြေထောက်ကို ရေနွေးနွေးလေးနဲ့ သေချာလေးဆေးပေးလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပေးပြီး ခရင်မ်တစ်ခုခု လိမ်းပေးလိုက်ပါ။

Featured Image Source: healthmandu.com