Relationship တစ်ခုမှာ ယုံကြည်မှုပျက်စီးသွားရင် ရှေ့ဆက်ဖို့က အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ ခဏခဏ ပြဿနာတက်နေရမှာပါ။ ဒါကြောင့် တကယ်ချစ်ကြတယ်ဆိုရင် ပျက်စီးသွားတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ Relationship တစ်ခုမှာ ပျက်စီးသွားတဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ဒီအချက်တွေက ကူညီပေးနိုင်ပါတယ်။

တောင်းပန်ပါ၊ ဖြေရှင်းပါ

ကိုယ်က ယုံကြည်မှုပျက်စီးအောင် လုပ်မိပြီဆိုရင် အရင်ဆုံးလုပ်ရမှာက တောင်းပန်ပါ။ တစ်ဖက်လူစိတ်ကျေနပ်အောင် တောင်ပန်ပေးပြီး ဖြေရှင်းချက်ပေးပါ။

ကတိပေးပါ၊ ကတိတည်အောင်လုပ်ပါ

နောက်တစ်ချက်အနေနဲ့ လုပ်ရမှာကတော့ ကတိပေးပါ။ နောက်ထပ်မဖြစ်စေရပါဘူးဆိုတဲ့ ကတိမျိုးပေးပါ။ ပြီးရင် တကယ်လည်း ကိုယ်ကတိပေးထားတဲ့အတိုင်း တည်အောင်လုပ်ပါ။ ဒါမှ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မှာပါ။

အခွင့်အရေးပေးပါ

တစ်ဖက်လူက ယုံကြည်မှုပျက်အောင် လုပ်လိုက်တယ်၊ ဒါပေမယ့် သူကလည်းတောင်းပန်တယ်၊ ကတိပေးတယ်ဆိုရင် ကိုယ်လည်း တကယ်ချစ်တယ်ဆိုရင် အခွင့်အရေးပေးလိုက်ပါ။ စောင့်ကြည့်နေရင်းနဲ့ပဲ ယုံကြည်မှုကို ပြန်လည်ရရှိလာမှာပါ။ ဒါကြောင့် တကယ်ချစ်ကြတယ်ဆိုရင် သေချာစဉ်းစားပြီး ညှိုနှိုင်းပါ။

အရင်ထက်ပိုဂရုစိုက်ပေးပါ

တစ်ဖက်လူ ပြန်လည်ယုံကြည်လာအောင် ကတိပေးပြီးရင် ကတိတည်ရမှာဖြစ်သလို အရင်ထက်လည်း ပိုဂရုစိုက်ပေးပြီး ကိုယ်ချစ်တာကို ဖော်ပြပါ။ အရင်ထက်ပိုပြီး ကြင်နာပေးပါ။ ဒါဆိုရင် Relationship က တစ်ဖြေးဖြေးနဲ့ ပြန်အဆင်ပြေလာပြီး ပျက်စီးသွားတဲ့ ယုံကြည်မှုကိုလည်း ပြန်လည်တည်ဆောက်နိုင်မယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း အရင်ထက်ပိုပြီး ချစ်လာပါမယ်။