အခုခေတ်ကမ္ဘာကြီးရဲ့ ကျိန်စာက ဘာလဲဆိုရင် စိတ်ဖိစီးမှု ပါပဲ။ အချိန်နည်းနည်းလေးအတွင်းမှာ အလုပ်တွေ ဇယ်ဆက်သလို လုပ်ရတာက စိတ်ဖိစီးမှု ဖြစ်ရခြင်းရဲ့ တရားခံပါပဲ။ စိတ်ဖိစီးမှုများတာက ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ဖို့ ပြုလုပ်နိုင်တဲ့ အရာတွေ ရှိပါတယ်။ အခုဖော်ပြထားတဲ့ နည်းလမ်းတွေထဲက သင်သဘောကျတဲ့ နည်းလမ်းကို ရွေးချယ်ကာ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
၁။ ဖယောင်းတိုင်
အနံ့ပါတဲ့ ဖယောင်းတိုင်တွေ ထွန်းထားတာက သင့်စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ Lavender နံ့က စိတ်ဖိစီးမှု လျော့ကျစေတဲ့ အနံ့တစ်မျိုး ဖြစ်ပါတယ်။
၂။ စာဖတ်ပါ
သင်နှစ်သက်တဲ့ စာအုပ်တစ်အုပ်ကို ဖတ်လိုက်တာက စိတ်ဖိစီးမှုတွေက ခဏ ရုန်းထွက်လိုက်ပြီး ကမ္ဘာသစ်တစ်ခုဆီ ရောက်သွားစေပါလိမ့်မယ်။
၃။ အနှိပ်ခံပါ
ကျွမ်းကျင်သူတစ်ဦးဆီမှာ အနှိပ်ခံလိုက်တာက သင့်စိတ်ဖိစီးမှုတွေကို ရောပါသွားစေပါတယ်။
၄။ ရေချိုးပါ
တင်းနေတဲ့ ကြွက်သားတွေကို ရေချိုးပေးကာ ဖြေလျော့ပေးနိုင်ပါတယ်။
၅။ သင်ကြိုက်တဲ့အရာတစ်ခုကို လုပ်ပါ
ဈေးဝယ်ထွက်တာ၊ ဟင်းအသစ်အဆန်း ချက်တာ စသဖြင့် သင်ကြိုက်တာတစ်ခုခုကို လုပ်နိုင်ပါတယ်။
၆။ တိလေးတွေကို ယုယပေးပါ
သင့်တိလေးတွေနဲ့ ဆော့ကစားနိုင်ပါတယ်။ သူတို့ကို ပွတ်ပေးတာကလည်း သင့်စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
၇။ ယောဂကျင့်ပါ
ယောဂကျင့်ပေးတာက သင့်အရိုးအကြော ပြေစေပါတယ်။
၈။ ခဏတဖြုတ်အိပ်စက်ပါ
သင့်ခန္ဓာကိုယ်က အရမ်းပင်ပန်းနေတဲ့အခါ နာရီဝက်လောက် အိပ်လိုက်တာကလည်း အားဆေးတစ်ခွက်ပါပဲ။
၉။ ဂိမ်းဆော့ပါ
ဗီဒီယိုဂိမ်း တစ်နာရီလောက် ဆော့လိုက်တာကလည်း သင့်စိတ်ကို ပေါ့ပါးစေပါတယ်။
၁၀။ လေ့ကျင့်ခန်းလုပ်ပါ
စိတ်ဖိစီးတဲ့အခါ အထိရောက်ဆုံး နည်းလမ်းကတော့ လေ့ကျင့်ခန်း လုပ်တာပါပဲ။
စိတ်ဖိစီးမှုအတွက် သင်လုပ်ဖြစ်တဲ့ တခြား နည်းလမ်းတွေရှိရင်လည်း ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar