ဝမ်းနည်းနေရင် စိတ်ရော၊ လူရောပင်ပန်းပါတယ်။ ဒါကြောင့် ဝမ်းနည်းတဲ့စိတ်တွေကို လျော့ကျအောင်၊ စိတ်သက်သာရာရအောင် လုပ်ရပါမယ်။ ဒါကြောင့် ဝမ်းနည်းတဲ့စိတ်တွေ လျော့ကျသွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အပြင်လျှောက်သွားပါ

အပြင်သွားရင် စိတ်ပြေလက်ပျောက် ဖြစ်သွားတာကြောင့် စိတ်သက်သာရာရစေပါတယ်။ အပြင်သွားပြီး ကိုယ်လုပ်ချင်တာတွေလုပ်နေရရင် ဝမ်းနည်းစိတ်တွေလည်း လျော့ကျပြီး ပျော်ရွှင်လာမှာပါ။

အရသာရှိတာလေးတွေစားပါ

အရသာရှိတာတွေစားနေရရင် လူတိုင်းအတွက် ပျော်စရာကောင်းတာပါပဲ။ ဒါကြောင့် ဝမ်းနည်းရင်ပဲဖြစ်ဖြစ်၊ စိတ်ညစ်ရင်ပဲဖြစ်ဖြစ် အရသာရှိတာလေးတွေစားပြီး ဝမ်းနည်းမှုတွေကို လျှော့ချလိုက်ပါ။

အိမ်မှုကိစ္စတွေလုပ်ပါ

ဘယ်မှမသွားချင်ရင် အိမ်မှုကိစ္စတွေလုပ်နေလိုက်ပါ။ တခြားကို အာရုံမရောက်တော့ပဲ စိတ်ပြေလက်ပျောက်ဖြစ်ပြီး ဝမ်းနည်းနေတာတွေလည်း လျော့ကျသွားပါလိမ့်မယ်။

ချစ်တဲ့သူတွေနဲ့အချိန်ကုန်ဆုံးပါ

ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးရတာက စိတ်ပျော်ရွှင်မှုရစေပါတယ်။ ဝမ်းနည်းနေရင်တောင် စိတ်သက်သာရာရပြီး ပျော်ရွှင်သွားစေပါတယ်။ ဒါကြောင့် ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးလိုက်ပါ။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာက စိတ်တည်ငြိမ်စေတဲ့အတွက် စာအုပ်ဖတ်ပါ။ စိတ်တည်ငြိမ်ပြီး ဝမ်းနည်းတာတွေ လျော့ကျသွားပါလိမ့်မယ်။

ခွေးမွေးပါ

ခွေးမွေးတာက အရမ်းအဖော်ရပြီး စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။ ဝမ်းနည်းအားငယ်နေချိန်မှာတောင် သူတို့လေးတွေရှိနေရင် ကိုယ့်အတွက် စိတ်ပျော်ရွှင်မှုဖြစ်စေပါတယ်။ ဒါကြောင့် ဝမ်းနည်းတတ်ရင် ခွေးမွေးပါ။ ဝမ်းနည်းနေတဲ့အချိန် ခွေးလေးတွေနဲ့ အချိန်ကုန်ကြည့်ပါ။