မင်္ဂလာပါနော်။ ကျန်းမာပြီး လှပစိုပြေတဲ့အသားအရေကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် သင့်အသားအရေကျန်းမာရေးအတွက်ဆိုရင် သင်စားတဲ့အစားအစာတွေကို ဂရုစိုက်သင့်ပါတယ်။

သကြားပါဝင်မှုများတဲ့အစားအစာ၊ အကြော်စာနဲ့ အဆီများတဲ့အစားအစာတွေ၊ အရက် ၊ဆေးလိပ် နဲ့ အသင့်လုပ်ပြီးသား အစားအစာတွေဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။

ဒါ့ကြောင့် ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ပြုပြင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

၁။ ရေများများသောက်ပါ

တစ်နေ့အနည်းဆုံး ရေ ၈ ခွက် အထိသောက်ပေးပါ။ အရက်၊ဘီယာ စတဲ့ ရေငတ်စေပြီး ရေဓာတ်ခမ်းခြောက်စေတဲ့ အစားအစာတွေရှောင်ပေးပါ။ တကယ်လို့ သောက်ပြီးရင်လည်း ရေများများသောက်ပါ။

၂။ အသားအရေကို ကြေးချွတ်မယ်

Source; Biopure Naturals

မျက်နှာမှာ ညစ်ပတ်ပေရေနေတဲ့ အညစ်အကြေးတွေ၊ ဆဲလ်သေတွေဟာ ချွေးပေါက်ပိတ်စေပြီး အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် တစ်ပတ်ကို ၂ ကြိမ်လောက် မျက်နှာကို ကြေးချွတ်ပေးသင့်ပါတယ်။

၃။ Antioxidant ပါတဲ့ ကုန်ပစ္စည်းတွေသုံးမယ်

သင်သုံးတဲ့ အလှကုန်ပစ္စည်းတွေမှာ အိုမင်းရင့်ရော်မှုတွေ Free Radical တွေကို တိုက်ဖျက်ပေးနိုင်တဲ့ Antioxidant ပါတဲ့ အလှကုန်ပစ္စည်းတွေကို ထည့်သုံးပေးပါ။

၄။ မျက်နှာအသားအရေကို နှိပ်နယ်ပေးပါ

လက်ကို သေချာဆေးပြီး မျက်နှာပေါ်မှာ အဆီ (အုန်းဆီ (သို့) သံလွင်ဆီ) နည်းနည်းလိမ်းကာ မျက်နှာအသာအးရေကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။ တဘက်ကို ရေနွေးစွတ်ပြီး ရေညစ်ပေးကာ မျက်နှာပေါ် အုပ်ပြီးလည်း နှိပ်ပေးနိုင်ပါတယ်။

၅။ မျက်နှာပေါင်းတင်ပါ

သဘာဝအတိုင်း မျက်နှာပေါင်းတင်ပေးတာ အကောင်းဆုံးပါပဲ။ သဘာဝ ရွှံ့စေး နဲ့ဖြစ်ဖြစ်၊ ဒိန်ချဉ်၊ ပျားရည် စတဲ့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်ပြီးဖြစ်ဖြစ် ပေါင်းတင်ပေးနိုင်ပါတယ်။