တစ်ချိန်ချိန်မှာ အရေးအကြောင်းတွေပေါ်လာမှာကို တားလို့မရပေမယ့် အသားအရေကို ကောင်းကောင်းဂရုစိုက်တာက အရေးအကြောင်းတွေဖြစ်လာတာကို တတ်နိုင်သမျှ ထိန်းထားလို့ရပါသေးတယ်။ အသားအရေကို ကျန်းမာစေပြီး နုပျိုနေစေဖို့ ဒီအချက်တွေကို မဖြစ်မနေလုပ်ကြည့်ပါ။

နေရောင်ကနေကာကွယ်ပါ

နေရောင်က အသားအရေကို ပျက်စီးစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ဖို့ နေ့တိုင်း SPF 30 ကနေ 50 ကြား လိမ်းဖို့ အရေးကြီးပါတယ်။

Moisturizer လိမ်းပါ

အသက်ကြီးလာတာနဲ့အမျှ အသားအရေတွေက ခြောက်သွေ့လာတာမလို့ အရေးအကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့ Moisturizer ကို မဖြစ်မနေသုံးပေးပါ။

ရေဓာတ်ဖြည့်ပေးပါ

ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ ၊ အသားအရေကို အတွင်းပိုင်းကနေ ရေဓာတ်ဖြည့်ပေးဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက် ရေသောက်တာက မရှိမဖြစ်လိုအပ်ပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ

ကျန်းမာရေးနဲ့မညီတဲ့အစားအသောက်တွေ အစားများတဲ့ အမျိုးသမီးတွေက အသီးအနှံတွေ များမျာစားတဲ့ အမျိုးသမီးတွေထက် မျက်နှာအရေးအကြောင်းတွေ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများကို ရွေးစားပါ။

ပက်လက်အိပ်ပါ

မှောက်အိပ်တာ ၊ ဘေးတစောင်းအိပ်တာတွေက မျက်နှာအရေးကြောင်းဖြစ်စေတာကို မြန်စေတာမလို့ ဒီလိုတွေအိပ်မယ့်အစား ပက်လက်အိပ်ကြည့်ပါ။

ဆေးလိပ်မသောက်ပါနဲ့

စီးကရက်မှာပါတဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတာမလို့ ဗီတာမင် A လို အရေးကြီးတဲ့ အာဟာရဓာတ်တွေ အရေပြားထဲရောက်ဖို့ကို လျော့ကျသွားစေပါတယ်။ ဒါ့အပြင် ခနခနဆေးလိပ်ရှိုက်တာက နှုတ်ခမ်းနားတဝိုက်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်လာစေနိုင်ပါတယ်။