နေရောင်ခြည်ပြင်းလွန်းတဲ့အခါ အသားအရေက နေလောင်ပြီး အရေခွံကွာတာ ၊ အသားအရေနီတာ ၊ ယားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးမလို့ နေလောင်တာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်သင့်ပါတယ်။

ဒါတွေကတော့ နေလောင်ဒဏ်ကိုကာကွယ်ပေးမယ့် ထိရောက်တဲ့နည်းလမ်းအချို့ပါ။

အရိပ်ထဲမှာနေပါ

ပြင်းလွန်းတဲ့နေရောင်ကိုရှောင်ဖို့ အကောင်းဆုံးက အရိပ်ထဲမှာနေပါ။ အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်မထွက်ပါနဲ့။

နေရာင်ကိုကာကွယ်ပါ

အပြင်မှာ အချိန်အကြာကြီးနေမယ်ဆိုရင်၊ အထူးသဖြင့် တောင်တက်တာ ဒါမှမဟုတ် ကမ်းခြေမှာရှိနေရင် မဖြစ်မနေ ကာကွယ်ဖို့ လိုအပ်ပါတယ်။ နေရာင်တိုက်ရိုက်မထိအောင် အင်္ကျီလက်ရှည် ၊ နေကာမျက်မှန် ၊ ဦးထုပ် ဒါမှမဟုတ် ပဝါသုံးပြီး ဖုံးအုပ်ထားပါ။

ရေစိုခံ Sunscreen သုံးပါ

SPF 40 သို့မဟုတ် ဒီထက်ပိုတဲ့ Sunscreen ကို နှစ်နာရီခြားတစ်ကြိမ် လိမ်းပါ။ ရေကူးကန်ထဲရောက်နေရင် တစ်နာရီအတွင်း Sunscreen ကို ပြန်လိမ်းပါ။

ရေဓါတ်ထိန်းပါ

ရေဓာတ်ခမ်းခြောက်မှုကို ရှောင်ရှားဖို့နဲ့ ရေဓာတ်ပြည့်ဝနေစေဖို့အတွက် အရည်များများသောက်ပါ။ ရေတင်မကဘဲ ကိုယ်ကြိုက်ရာ ဖျော်ရည် နဲ့ တခြားအချိုရည်တွေကိုလည်း သောက်လို့ရပါတယ်။