ရာသီဥတုအေးတဲ့အခါ အသားအရေခြောက်တာ နီတာ ယားတာတွေက တော်တော်များများမှာ ဖြစ်တတ်ပါတယ်။ ဒီလို ဆောင်းရာသီမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်နိုင်ဖို့ဆို ဒီအချက်တွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

အသားအရေကို ပုံမှန်အစိုဓာတ်ထိန်းပေးပါ

အသားအရေကို အစိုဓာတ်ထိန်းပေးတာက အရေပြားပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာပါ။ အစိုဓာတ်ထိန်းခရင်မ်သုံးတဲ့အခါ ရှားစောင်းလက်ပတ်၊ Shea butter နဲ့ cocoa butter တို့လို သဘာဝပါဝင်ပစ္စည်းတွေ ပါတာကို အဓိကထားသုံးပါ။

ရေဓာတ်ရှိပါစေ

ရေဓာတ်ခမ်းတဲ့အခါ အသားအရေက အရေးကြီးတဲ့အစိုဓာတ်မရှိတော့တာမလို့ ပါးလာပြီး အရင်ထက် နုလာတာမျိုး ၊ ယားလာတာမျိုးတွေဖြစ်တတ်ပါတယ်။ အသားအရေကို ရေဓာတ်ထိန်းထားနိုင်မှသာ ပျက်စီးမှုကို ခံနိုင်ရည်ရှိမှာပါ။

အဝတ်အစားသေချာဝတ်ပါ

အဝတ်အစားဝတ်တဲ့အခါ အရေပြားယားတာမျိုးမဖြစ်အောင် ကြမ်းတဲ့ Texture တွေအစား လေဝင်လေထွက်ကောင်းတဲ့ အထည်တွေကို ရွေးချယ်ပါ။

ပူလွန်းတဲ့ရေနွေးပူရှောင်ပါ

အရေပြားရဲ့ သဘာဝအဆီတွေ မခန်းခြောက်စေဖို့ လက်ဆေးပြီး ရေချိုးတဲ့အခါ ပူလွန်းတဲ့ရေအစား ကြက်သီးနွေးရေနဲ့ ဓာတုပစ္စည်းတွေမပါတဲ့ ဒါမှမဟုတ် အမွှေးနံ့သာမပါတဲ့ အပျော့စားဆပ်ပြာမျိုးကိုသုံးပေးပါ။

Sunscreen သုံးပါ

ခရမ်းလွန်ရောင်ခြည်က အရေပြားကို ထိခိုက်စေနိုင်တာမလို့ Sunscreenကို ရာသီမရွေးသုံးပေးသင့်ပါတယ်။ (SPF) အနည်းဆုံး 30 ပါတဲ့ Sunscreen က ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။