နှုတ်ခမ်းနီဆိုးပြီး Mask တပ်ရင် Mask မှာ နှုတ်ခမ်းနီတွေ ပေကုန်တာမျိုး၊ တစ်ခုခုသောက်တဲ့အခါ ခွက်မှာ နှုတ်ခမ်းနီတွေ ပေကုန်တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလို နှုတ်ခမ်းနီတွေ စွန်းထင်းပြီးပေတာမျိုး မဖြစ်ရလေအောင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

Lip Primer သုံးပါ

နှုတ်ခမ်းနီမဆိုးခင်မှာ Lip Primer အရင်ဆိုးပေးတာက နှုတ်ခမ်းနီကို ကြည်ရှည်ခံစေသလို ခဏလေးနဲ့ပျက်တာမျိုးလည်း မဖြစ်စေပါဘူး။ ဒါကြောင့် Mask နဲ့ ခွက်တွေမှာလည်း စွန်းထင်းတာမျိုး မဖြစ်တော့ဘူးပေါ့။

Blotting Paper သုံးပါ

နှုတ်ခမ်းနီမဆိုးခင်မှာ Blotting Paper ကို အရင်သုံးပါ။ ပြီးမှ နှုတ်ခမ်းနီကို ပါးပါးလေးတစ်ထပ်ဆိုးပါ။ ပြီးရင် တစ်ရှူးနဲ့ဖိလိုက်ပါ။ ပြီးရင် နောက်တစ်ထပ် နှုတ်ခမ်းနီကို တစ်ထပ် ထပ်ဆိုးပါ။ ပြီးရင် Blotting Paper ထပ်သုံးလည်းရသလို မသုံးတော့လည်း ရပါတယ်။ ဒီလိုလုပ်ပေးခြင်းက နှုတ်ခမ်းနီပျက်တာ၊ စွန်းထင်းတာမျိုး မဖြစ်စေပါဘူး။

Powder သုံးပါ

နှုတ်ခမ်းနီဆိုးပြီး Powder ပုတ်ပေးပါ။ ပြီးမှ နောက်တစ်ထပ် နှုတ်ခမ်းနီထပ်ဆိုးပါ။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းနီဆိုးထားတာ ကြာရှည်ခံစေပြီး အလွယ်တကူ မပျက်တဲ့အတွက် Mask နဲ့ ခွက်တွေမှာ ပေကုန်တာမျိုးဖြစ်မှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။

Foundation

နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းကို Foundation နည်းနည်းလိမ်းပေးပြီးမှ နှုတ်ခမ်းနီဆိုးပေးပါ။ ဒီနည်းလမ်းကလည်း နှုတ်ခမ်းနီဆိုးထားတာ ကြာရှည်ခံစေပြီး စွန်းထင်းတာ၊ ပေတာမျိုး မဖြစ်စေပါဘူး။

Lip Liner သုံးပါ

နှုတ်ခမ်းနီဆိုးတဲ့အခါ Lip Liner နဲ့ နှုတ်ခမ်းကိုပုံဖော်ပြီး ဆိုးပေမယ်ဆိုရင် နှုတ်ခမ်းနီတွေက ဘေးဘက်တွေကို ပေကုန်တာမျိုးလည်း မဖြစ်စေသလို တခြားမှာ စွန်းထင်းတာမျိုးတွေလည်း မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။