ဆောင်းရာသီနဲ့ နွေရာသီ နှစ်မျိုးလုံးက ဆံပင်ကို မှန်ကန်တဲ့နည်းနဲ့ ဂရုစိုက်ရမယ်ဆိုတာ မသိရင် တကယ်ကို အဆင်မပြေတဲ့ရာသီတွေပါ။ ခြောက်သွေ့တဲ့လေတွေက ဆံပင်ကို ထိခိုက်စေပြီး ဆံကေသာကို ပျက်စီးစေပါတယ်။ ဒီလိုဆောင်းရာသီမှာ ဆံကေသာ ကျန်းမာပြီး တောက်ပြောင်နေဖို့အတွက် ဒီအချက်တွေနဲ့ ကာကွယ်လိုက်ပါ။

လေအေး ၊ နှင်းတွေနဲ့ထိတွေတဲ့အခါ ဆံပင်ခြောက်သွေ့မှုကနေကာကွယ်ဖို့ ဆံပင်ကို ဦးထုပ် ဒါမှမဟုတ် ပုဝါနဲ့စည်းထားပါ။

ဆံပင်ကို ကျန်းမာတောက်ပြောင်နေစေဖို့ ၄ပတ် သို့မဟုတ် ၈ပတ်တစ်ကြိမ် ညှပ်ပေးသင့်ပါတယ်။

ရေနွေးနွေးလေးနဲ့ ရေချိုးတာက ဆံပင်တွေကို ခြောက်သွေ့စေတာမလို့ ကြက်သီးနွေးရေနဲ့လျှော်ပြီးရင် ရေအေးနဲ့ပြန်လျှော်ပါ။

ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဆံပင်အခြောက်ခံစက်မသုံးဘဲ သူ့ဘာသာခြောက်သွေ့အောင်ထားရင် ပိုကောင်းပါတယ်။

လေအေးကြောင့် ဆံပင်တွေပျက်စီးတဲ့အခါ သင့်ဆံပင်နဲ့သင့်တော်တဲ့အဆီကို ဆံသားအဆုံးအထိ ညင်သာစွာ လိမ်းပေးပါ။

ဆောင်းရာသီမှာ ဆံပင်ကိုဂရုစိုက်နိုင်ဖို့ Conditioner သုံးဖို့မမေ့ပါနဲ့ ။

ဆံပင်ကို နေ့တိုင်းလျှော်ရင် ဦးရေပြားကိုအကာအကွယ်ပေးတဲ့ သဘာဝအဆီတွေကို ဆုံးရှုံးစေတာမလို့ နေ့တိုင်းမလျှော်ပါနဲ့။