တချို့မိန်းကလေးတွေက ဓာတ်ပုံရိုက်ရင် Camera ကြည့်ပြီးရိုက်ရတာကို သိပ်မကြိုက်သလို Camera ကိုကြည့်ပြီးတော့လည်း သိပ်မရိုက်တတ်တာမျိုး ရှိပါတယ်။ ဒါကြောင့် Camera မကြည့်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပြီး ပုံလှလှလေးရအောင်လို့ ဓာတ်ပုံရိုက်တဲ့အခါမှာ Camera ကိုမကြည့်တဲ့ ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် အနီးကပ်ပုံလေးရိုက်မယ်ဆိုရင် ဒီလိုဖုန်းကြည့်နေတဲ့ပုံလေးသာ ရိုက်လိုက်ပါ။ ဆံပင်ကိုတစ်ဖက်သိမ်းပြီး ပို့စ်ပေးရင် မျက်နှာလေးပိုပေါ်ပြီး ပိုလှမှာပါ။

Hotel တည်းဖြစ်တဲ့အခါမှာ ရိုက်ကြည့်သင့်တဲ့ ပို့စ်ပေးနည်းလေးပါ။

ကော်ဖီဆိုင်လေးတွေမှာရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ လုပ်ရတာလွယ်ကူပြီး လှလည်းလှပါတယ်။

ဒီပို့စ်လေးဆိုရင်လည်း အရမ်းလွယ်ကူပါတယ်။ ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေအတွက်တောင် အဆင်ပြေပါတယ်။

ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေအတွက် နောက်ထပ်လှပပြီး လွယ်ကူတဲ့ ပို့စ်ပေးနည်းလေးပါ။ Camera မကြည့်ချင်ရင် ဒီလိုလေးတွေ ရိုက်ကြည့်နော်။

လမ်းမမှာရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် ရှုခင်းနဲ့ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် Camera မကြည့်ချင်ရင် လက်ပိုက်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံလေးသာ ပို့စ်ပေးလိုက်ပါ။

ထိုင်စရာခုံရှိရင် ဒီလိုလေးထိုင်ပြီး ဖုန်းကြည့်နေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ လှပတဲ့ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

Camera မကြည့်ပဲရိုက်တဲ့အခါ ခြေထောက်ချိတ်ထိုင်ပြီး လက်တစ်ဖက်က ဆံပင်ကိုသပ်ပြီး နောက်လက်တစ်ဖက်က ကော်ဖီခွက် (သို့) အအေးဘူးလေးကိုင်ပြီး အောက်ငုံ့နေတဲ့ပုံလေး ပို့စ်ပေးလို့ရပါတယ်။

မတ်တပ်ရပ်ပြီးရိုက်မယ်ဆိုရင်တော့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေက ဒီလိုလေးရိုက်လိုက်ပါ။ ခြေထောက်တစ်ဖက်ကိုအရှေ့ထုတ်ပြီး လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားတဲ့ပုံစံလေး နေပါ။ အိတ်ကပ်မပါတဲ့ဘောင်းဘီဆိုရင်တော့ လက်တစ်ဖက်က ပိုက်ဆံအိတ်ချိတ်ထားတာပဲဖြစ်ဖြစ်၊ ကိုင်ထားတာပဲဖြစ်ဖြစ် ပို့စ်ပေးလို့ရပါတယ်။

ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်းမသိတဲ့သူတွေက ဒီလိုလေးသာ ဆံပင်စည်းနေတဲ့ပုံလေး ရိုက်ကြည့်ပါ။

စားပွဲမှာထိုင်ပြီးစာဖတ်နေတဲ့ပုံလေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်ပါ။ အရမ်းလှတဲ့ပုံလေး ရလာပါလိမ့်မယ်။