သူငယ်ချင်းတွေနဲ့ ရေကူးကန်သွားတဲ့အချိန် ကမ်းခြေသွားတဲ့အချိန်တွေမှာ ရေကူးဝတ်စုံနဲ့ အလှဓာတ်ပုံရိုက်ရတာ ရှက်စရာ မလိုပါဘူး။ ရေကူးဝတ်စုံလှလှလေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုနေရမှန်းမသိဖြစ်နေရင် ဒီလိုမျိုးလေးတွေ ရိုက်ကြည့်ပါ။ ရှက်တတ်တဲ့ မိန်းကလေးတွေရိုက်ရင်တောင်မှ ဒီ Pose လေးတွေက လှလှလေးဖြစ်နေမှာပါ ။

ရေကူးကန်အနားမှာ ထိုင်ပြီး အပေါ်စီးကနေ ဓာတ်ပုံရိုက်ပါ။

ရေကူးကန်သွားတဲ့အချိန် အချစ်တော်ခွေးလေးတွေပါခဲ့ရင် ရေကူးကန်ဘေးမှာ အေးအေးဆေးဆေးထိုင်ရင်း ဒီလိုလေးရိုက်လို့ရပါသေးတယ်။

ကမ်းခြေမှာ အတောက်ပဆုံး ရေကူးဝတ်စုံ ဝတ်ထားရင် ပင်လယ်ကြီးကိုနောက်ခံထားပြီး ရိုက်ကြည့်ပါ။

စောင်ပေါ်မှာ သက်တောင့်သက်သာ ထိုင်ပြီး သင့်ရဲ့အကောင်းဆုံးထောင့်ကနေ ပြတ်သားတဲ့ ဟန်ပန်နဲ့ ရိုက်ပါ။

နေဝင်ချိန်မှာ ဓာတ်ပုံရိုက်ရင် အရိုးရှင်းဆုံး ကိုယ်ဟန်အနေအထားကတောင် အလုပ်ဖြစ်ပါလိမ့်မယ်။ ဘေးတိုက်နေပြီး လက်ကို အလယ်တည့်တည့်မှာ ချထားပါ။

မတ်တပ်ရပ်ပြီး ဗိုက်ကိုချပ်ပြီး လက်တွေကို ဒီအတိုင်းချထားလိုက်ပါ ။

ဘေးတိုက်အနေအထားနဲ့နေပြီး ကင်မရာကိုလှည့်ကြည့်လိုက်ပါ။ လက်ကိုတော့ ရင်ဘက်နားမှာ ထားလို့ရပါတယ်။

သစ်ပင်တစ်ပင်ကို မှီပြီး ယုံကြည်မှုအပြည့်နဲ့ ကင်မရာကို ကြည့်လိုက်ပါ ။

ဘေးတိုက်အနေအထားနဲ့နေပြီး ဒူးတစ်ဖက်ကို မြှောက်ထားလိုက်ပါ။ ပေါင်ပေါ်မှာ လက်ကို အသာလေးတင်လိုက်ပါ ။