စိတ်အားငယ်ခြင်းဟာ လူအများစု လုံးဝသတိမထားမိတဲ့ စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်ခြင်းပဲ့ဖြစ်ပါတယ် ။ ယနေ့ခေတ်လူအများစုဟာ ဒီစိတ်ဓာတ်ကျခြင်းကို ခံစားနေရပြီး တကယ်ခံစားဖူးသူတွေမှသာ အဲ့ဒီဝေဒနာရဲ့အခက်အခဲကို သိနားလည်ကြမှာပါ။

စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်ကြုံတွေ့ရတာဟာ အင်မတန်မှ ကြမ်းတမ်းခက်ခဲလှပြီး လူငယ်အများစုက ပိုပြီးကြုံတွေ့ခံစားကြရပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ခံယူချက်သဘောထားတွေကို အခြားသူတွေသိအောင် ပြောဆိုဆက်ဆံတဲ့အခါမှာ ရင်ဆိုင်လာရတဲ့ အခက်အခဲတွေကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို တိုက်ထုတ်ဖို့အတွက် သင့်ရဲ့တစ်နေ့တာမှာ မဖြစ်မနေ လုပ်ဆောင်ပေးသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ အိပ်ရေးဝဝအိပ်စက်ပါ

ခန္ဓာကိုယ်အတွင်းက အချို့သော ဟော်မုန်းများလျော့နည်းလာသည့်အခါ စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်လာရပါတယ်။ စိတ်ဖိစီးသည့်အခါ၊ လုံလောက်သော အနားယူမှုမရရှိသည့်အခါ ဟော်မုန်းချို့တဲ့မှုတွေဖြစ်ပေါ်လာပြီး အမျိုးသားများအနေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

အိပ်ရေးဝဝအိပ်ပြီး သေချာအနားယူသည့်အခါ ဟော်မုန်းထုတ်လုပ်မှုကို ပြန်လည်မြှင့်တင်ပေးနိုင်တာကြောင့် ထိုပြဿနာတွေမှ ကင်းရှင်းစေမှာပါ။

၂။ နေ့စဉ်နေရောင်ခြည်ခံယူပါ

မနက်ခင်းမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်အတူ နေရောင်ခြည်ခံယူခြင်းက သင့်ရဲ့တွေးခေါ်ခြင်း၊ ခံစားခြင်းနှင့် အာရုံခံမှုတွေအပေါ်မှာ ကောင်းမွန်သောအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် မနက်တိုင်းမှာ နေရောင်ခြည်ကို ရယူပေးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာသာမဟုတ်ဘဲ ကိုယ်ပိုင်းဆိုင်ရာအခြေအနေတွေအတွက်ပါ တိုးတက်မှုတွေ ဖြစ်ပေါ်စေမှာပါ။

၃။ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့  ရင်းနှီးမှုယူပါ

ယေဘုယျအားဖြင့် သူငယ်ချင်းမိတ်ဆွေများတဲ့သူတွေက Stressနည်းစေပြီး ပိုပြီးတော့ပျော်ရွှင်တတ်ကြပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာဆိုလည်း နေ့ခင်းအချိန်တွေမျိုးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူထမင်းထွက်စားတာမျိုး၊ ကော်ဖီထွက်သောက်တာမျိုးတွေကို လုပ်ပေးခြင်းက စိတ်ဓာတ်ကျခြင်း၊ မကောင်းတဲ့အတွေးတွေကနေ ကျော်လွှားစေအောင် ကူညီပေးရုံမက ရင်းနှီးမှုကိုလည်း ပိုရရှိလာစေပါတယ်။

၄။ မြူးကြွပျော်ရွှင်စရာကောင်းတဲ့ တေးသီချင်းတွေကိုနားဆင်ပါ

ကိုယ်ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေကို နားထောင်ခြင်း၊ ဂိမ်းကစားခြင်းက သင့်ရဲ့စိတ်ခံစားချက်အပေါ်မှာ အများကြီးသက်ရောက်နိုင်ပါတယ်။ မြူးကြွတဲ့တေးသီချင်းတွေက စိတ်ဓာတ်ကျနေချိန်မှာ အသင့်တော်ဆုံးဖြစ်တာကြောင့် နားဆင်ပေးနိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို မကောင်းမြင်စိတ်ကို ရပ်တန့်ပါ

စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းတွေကို တိုက်ဖျက်ချင်တယ်ဆိုလျှင်တော့ ကိုယ့်အပေါ်ကို မကောင်းမြင်စိတ်နဲ့ ပြောဆိုခြင်းက ဘယ်လိုမှ အကူအညီမဖြစ်နိုင်ဘူးဆိုတာကို သိထားလိုက်ပါ။ ပြောင်းပြန်အနေနဲ့ အကောင်းဖက်က တွေးနိုင်အောင် လေ့ကျင့်ကြိုးစားပါ။

၆။ အားကစားပုံမှန်လုပ်ပါ

စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်နေရတဲ့ လူငယ်များအနေနဲ့ တက်ကြွစွာ လှုပ်ရှားသွားလာဖို့ အခက်အခဲရှိနိုင်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သက်သာရာရစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးဖို့ပါပဲ။

နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းက မကောင်းတဲ့အတွေးတွေကို တိုက်ထုတ်ပစ်ရန်ကူညီပေးသလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

Credit: WINGMAN