မျက်နှာက မလိုချင်တဲ့အမွှေးအမျှင်တွေကို ဖယ်ရှားဖို့က shaving ဒါမှမဟုတ် waxing လုပ်မှရယ် မဟုတ်ပါဘူး ။ မျက်နှာကအမွေးအမျှင်တွေကို ဖယ်ရှားဖို့ အိမ်မှာတင်လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေနဲ့ ဒီနည်းတွေကို စမ်းကြည့်ပါ။ သုံးရတဲ့ပါဝင်ပစ္စည်းတွေက မီးဖိုချောင်သုံးပစ္စည်းတွေဆိုတော့ ရှာရလည်းလွယ်ပါတယ်။

သကြားနဲ့ သံပုရာဖျော်ရည်

သကြားနှစ်ဇွန်းနဲ့ သံပုရာရည်ကို ပွက်ပွက်ဆူလာတဲ့အထိ အပူပေးပါ။ ပြီးရင် အအေးခံထားပါ။ အမွှေးအမျှင်ရှိတဲ့နေရာကို လိမ်းပြီးရင် မိနစ် 20 25 မိနစ်ခန့် ထားပေးပါ။ ပြီးမှ စက်ဝိုင်းပုံစံပွတ်ပေးပြီး ရေနဲ့ဆေးပေးပါ။

သံပုရာ နဲ့ ပျားရည်

ပျားရည်တစ်ဇွန်း၊ သကြားနှစ်ဇွန်းနဲ့ သံပုရာရည်တို့ကို ရောပြီး သုံးမိနစ်လောက် အပူပေးလိုက်ပါ။ ပြစ်မသွားအောင် ဖြည်းဖြည်းချင်း မွှေပေးပါ။ အေးသွားပြီးဆိုရင် မလိုချင်တဲ့အမွှေးအမျှင်တွေပေါ်မှာ လိမ်းပေးပါ။ ခြောက်သွားပြီဆို အမွှေးအမျှင်ရဲ့ ဆန့်ကျင်ဘက်ကို ခွာပေးပါ။

ကြက်ဥအကာနဲ့ ဆန်မှုန့်

ပန်းကန်လုံးတစ်လုံးထဲ ကြက်ဥအဖြူတစ်လုံး၊ သကြားတစ်ဇွန်းနဲ့ ဆန်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ရောပြီး လိမ်းပေးပါ။ လိမ်းပြီး မိနစ် 20 30 လောက် အခြောက်ခံပါ။ ခြောက်သွားပြီဆိုရင် ဖြည်းဖြည်းချင်းခွာပြီး ရေနဲ့ဆေးပေးပါ။

Oatmeal နဲ့ ငှက်ပျောသီး

Oatmeal ၂ ဇွန်း နဲ့ ငှက်ပျောသီးမှည့်တစ်လုံးကို ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ ၁၅ မိနစ်လောက် နှိပ်ပြီးမှ မျက်နှာကို ရေနဲ့ဆေးပေးပါ။

သင်္ဘောသီးနဲ့ နနွင်း

ကျေအောင်ချေထားတဲ့ သင်္ဘောသီးနဲ့ နနွင်းတို့ကိုရောပြီး မျက်နှာကို လိမ်းပေးပါ။ 15 မိနစ် 20 မိနစ်လောက် နှိပ်ပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။