လူတိုင်း ကလေးပေါက်စလေးတွေရဲ့ အသားအရေကို ကြည့်ပြီးတော့ အားကျဖူးကြမှာပါ။ သူတို့လို အသားအရေကို ပြန်လိုချင်ဖူးမှာပါ။ ဒါပေမဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ စားသောက်ပုံတွေ ပြောင်းလဲလာတာကြောင့် ကလေးလေးတွေရဲ့ အသားအရေမျိုး ပြန်မရနိုင်တော့ပါဘူး။ ဒါပေမဲ့ အခု ပြောပြမယ့် နည်းလမ်းတွေကတော့ ကလေးလေးတွေရဲ့ အသားအရေမျိုး မပိုင်ဆိုင်နိုင်ပေမယ့် သင်အခု ပိုင်ဆိုင်ထားတဲ့ အသားအရေထက် ပိုလှလာပါလိမ့်မယ်။

၁။ ရေများများသောက်ပေးပါ

တစ်နေ့ကို ရေ သုံးလီတာ သောက်ပေးတာက သင့်အသားအရေကို အချိန်တိုအတွင်း ပြောင်းလဲစေပါလိမ့်မယ်။ ရေက သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြယ်စေပြီး အာဟာရတွေကို လိုအပ်တဲ့ နေရာတွေဆီ သယ်ဆောင်ပေးနိုင်ပါတယ်။ အသားအရေ စိုပြေပြီး တင်းရင်းလာပါလိမ့်မယ်။

၂။ ဘယ်ရီသီး

ဘယ်ရီသီးမှာ ပါတဲ့ အက်တီအောက်ဆီးဒင့်က အသားအရေကို ပိုကောင်းမွန်စေပါတယ်။ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေက သင့်အသားအရေအတွက် စားသင့်တဲ့အသီးတွေပါ။

၃။ အစေ့အဆံ

အစေ့အဆံတွေက သင့်ကို ကိုယ်အလေးချိန် မတက်စေပါဘူး။ ဗာဒံစေ့၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေမှာ ဗီတာမင် အီး ပါဝင်ပါတယ်။ အစေ့အဆံတွေက ပြစ်မျိုးမှဲ့ မထင် အသားအရေကို ပိုင်ဆိုင်လာဖို့ ကူညီပေးပါတယ်။

၄။ Citrus အသီး

အချဉ်ဓာတ်များတဲ့ Citrus အသီးတွေက အသားအရေကို တောက်ပစေပါတယ်။ အသက်အရွယ်အိုမင်းမှုကို နှောင့်နှေးစေပါတယ်။ လိမ္မော်သီး များများ စားပေးသင့်ပါတယ်။

၅။ အိပ်ပါ

အိပ်ချိန်မလုံလောက်တာက ဝက်ခြံဖြစ်ရခြင်းရဲ့ အကြောင်းအရင်းပါပဲ။ ၇ နာရီကနေ ၈ နာရီ အိပ်ပေးသင့်ပါတယ်။ အိပ်နေတဲ့အချိန် အသားအရေအတွက် လိုအပ်တဲ့ Collage ဓာတ်ကို ထုတ်ပေးပါတယ်။ အရေးကြောင်းလျှော့ချပေးပါတယ်။

၆။ ဒိန်ချဉ်

ဒိန်ချဉ်ကို ပုံမှန် သောက်ပေးသင့်ပါတယ်။ ဒိန်ချဉ်က ကျန်းမာတဲ့ အသားအရေပိုင်ဆိုင်ဖို့ ကူညီပေးပါတယ်။ ဒိန်ချဉ်မှာ ပါတဲ့ Lactic Acid က အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်။

၇။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ် များစွာပါဝင်ပါတယ်။ သင်က ခရမ်းချဉ်သီး အရသာကို မကြိုက်ဘူးဆိုရင် အသားအရေ ပေါ်မှာ တိုက်ရိုက် သုံးနိုင်ပါတယ်။ ခရမ်းချဉ်သီးက ချွေးပေါက်ကျယ်တာကို လျှော့ချပေးပြီး အသားအရေ ညီညာစေပါတယ်။ အသားအရေကိုလည်း တောက်ပစေပါတယ်။

Source: Allwomenstalk.com

By MyStyle Myanmar