Endorphins ကို ပျော်ရွှင်တက်ကြွမှုဟော်မုန်းအဖြစ် သိကြပါတယ်။ အနံ့အရသာကောင်းတစ်ခုခု တွေ့ကြုံခံစားရရင် ၊ ပျော်စရာကောင်းတဲ့ လုပ်ရပ်လေးတွေ လုပ်မိရင် ဦးနှောက်ထဲကနေ ထုတ်လွှတ်တဲ့ ဒီဓါတုပစ္စည်းကို ထုတ်ပါတယ်။ သဘာဝအလျောက် Endorphins ဓါတ် မြင့်တက်ချင်တယ်ဆိုရင်တော့ ဒီနည်းလေးတွေ လုပ်ကြည့်နိုင်ပါတယ်။

(၁) လာဗင်ဒါရနံ့ ရှုရှိုက်ခြင်း

Photo : Great.Doc

ရနံ့တွေဟာ လူရဲ့ ခံစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ Vanilla နဲ့ Lavendar အနံ့တွေကို နမ်းရှုခြင်းကို စိတ်ကို ပြေလျော့သွားစေလို့ စိတ်ဓါတ်ကျခြင်းနဲ့ အိပ်မပျော်နိုင်ဖြစ်ခြင်းတွေကို ကုစားရာမှာ သုံးကြပါတယ်။

(၂) အဖွဲ့လိုက် လေ့ကျင့်ခန်း လုပ်ခြင်း

Photo : Fitneass

Group Exercise တွေဟာ တစ်ယောက်တည်း အားကစားလုပ်တာထက် ပိုပြီးစိတ်အားတက်ကြွမှု ဖြစ်စေပါတယ်။ လူအများနဲ့အတူ လမ်းလျှောက်တာ ၊ ကခုန်တာ ၊ အေရိုးဗစ်ကစားတာနဲ့ အပြေးလေ့ကျင့်တာတွေ လုပ်ကြည့်လိုက်ရင် Endorphins Level သိသိသာသာ တက်လာပါလိမ့်မယ်။

(၃) ဟာသဉာဏ်ရှိသူနဲ့ စကားပြောခြင်း

Photo : Singh Homes

ရယ်မောခြင်းဟာ ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။ သုတေသနရလဒ်တွေအရ ရယ်မောခြင်းအားဖြင့် သွေးဖိအားကျဆင်းစေမယ် ၊ စိတ်ဖိစီးမှု ဟောမုန်းတွေ လျှော့ချပေးပြီး ကူးစက်မှုကို တိုက်ထုတ်တဲ့ ဆဲလ်တွေ ပိုထုတ်လုပ်နိုင်မယ်။ နောက်ပြီး Endorphins တက်တာကြောင့် သဘာဝအလျောက် နာကျင်မှုလည်း လျော့ပါးစေမယ်လို့ ဆိုပါတယ်။

(၄) သီချင်းနားထောင်ခြင်း

Photo : MSN.com

သီချင်းနားထောင်ခြင်းဟာ စိတ်ကို ကြည်နူးရွှင်မြူးအောင် အထောက်အကူပြုပါတယ်။ စိတ်ခံစားချက်တွေ သိပ်မကောင်းတဲ့အခါမျိုးမှာ ကိုယ်နှစ်သက်တဲ့ သီချင်းကောင်းတစ်ပုဒ်ကို နားထောင်ကြည့်မယ်ဆိုရင် ပေါ့ပါးသက်သာတဲ့ ခံစားမှုကို ရမှာ အမှန်ပါပဲ။

(၅) အစပ်စားပေးပါ

Photo : Insider

Spicy Food တွေဟာ လူကြိုက်များတဲ့ အစားအစာထဲမှာ ပါပါတယ်။ ငရုတ်ကို ပူစေတဲ့ Capsaicin လို့ခေါ်တဲ့ ဓါတ်ပေါင်းမှာ နှာခေါင်းနဲ့ ပါးစပ်ထဲက ချွဲအမြှေးပါးမှာ ပါတဲ့ အာရုံကြောဆဲလ်တွေကို နှိုးဆွပေးပါတယ်။ ပူစပ်စပ် အစားအစာတစ်ခုကို စားလိုက်ချိန်မှာ ခန္ဓာကိုယ်ကနေ သက်သာပေါ့ပါးတဲ့ ခံစားချက်ကို ထုတ်ပေးတဲ့ Opioids တွေ ရပါတယ်။ Spicy Foods တွေ စားပေးခြင်းအားဖြင့် ချွေးထွက်လာပြီးနောက် ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း ပြန်အေးသွားပြီး နေလို့ပိုကောင်းစေမှာပါ။