ချစ်ရသူနဲ့လမ်းခွဲရတဲ့အခါ ဘဝတစ်ခုလုံး ရပ်တန့်သွားသလို ခံစားရပြီး မျှော်လင့်ချက် အိပ်မက်တွေပျောက်ဆုံးသွားတတ်ပါတယ် ။ အလဲလဲအပြိုပြိုခံစားရတဲ့အခါ သင့်ရဲ့ ကျန်းမာရေးကိုပါ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လမ်းခွဲခြင်းထဲမှာဘဲ နှစ်မြုပ်မနေပါနဲ့ ။ အရင်ကထက် ပိုသန်မာပြီး သန်မာအောင် ဆက်လုပ်ရမယ့် နည်းလမ်းတွေရှိပါတယ်။

မဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ နာကျင်စရာကောင်းတဲ့ဖြစ်ရပ်ကနေ ရုန်းထွက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ရှေ့ဆက်ဖို့ပါပဲ။

အဆက်အသွယ်ဖြတ်ပါ

ပထမဆုံးလုပ်ရမယ့် အရာက သူဘယ်မှာရှိလဲ၊ ဘယ်သူတွေနဲ့လဲ သိနေစရာမလိုပါဘူး။ သူနဲ့ပက်သတ်တဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်ပါ။ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးကို ဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့ ။ မချစ်လို့ထားခဲ့တဲ့သူနဲ့ သူငယ်ချင်းဖြစ်နိုင်မယ့် နည်းလမ်းမရှိတော့ဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။

အတိတ်ကိုမေ့လိုက်ပါ

လမ်းခွဲရတဲ့အကြောင်းအရင်းကို အများစုက အမြဲမပြတ်တွေးနေတတ်ပါတယ်။ ဒါကို ခနခနပြန်တွေးလေ သင်ပိုနာကျင်ရလေလေပါပဲ။ ဒီလိုအခြေအနေမျိုးမှာ သင်လုပ်ရမှာက သင့်အတိတ်ကို လျစ်လျူမရှုဘဲ ခွင့်လွှတ်လိုက်ပါ။ ပြီးရင် မေ့ပစ်လိုက်ပါ။ ဒါမှ ဒေါသနဲ့နောင်တတွေမပါဘဲ သင်ရှေ့ဆက်နိုင်မှာပါ။

ရည်းစားဟောင်းကိုမေ့နိုင်အောင်ကြိုးစားပါ

ရည်းစားဟောင်းကို ချစ်နေသေးတာက သဘာဝပဲဆိုတာ နားလည်သင့်ပါတယ်။ ရှေ့ဆက်မသွားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အဲဒါတွေက ပြီးသွားတဲ့ဆက်ဆံရေးထဲက ကျန်နေတဲ့ ခံစားချက်တွေပါ။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ပြောသင့်တာက ဒါဟာ ပြီးဆုံးသွားပြီဖြစ်တဲ့အချစ်တစ်ခုပါပဲ။ ပြန်ပြီးအသက်ဝင်လာဖို့ အစီအစဉ်မရှိတာမလို့ ဒီထဲကရုန်းထွက်နိုင်အောင် ကြိုးစားပါ။

သင့်ကိုသင်ချစ်ဖို့မမေ့ပါနဲ့

နာကျင်စရာကောင်းတဲ့ဖြစ်ရပ်ကနေ ရုန်းထွက်နိုင်ဖို့သော့ချက်က သင်ကိုယ်တိုင် ပြောင်းလဲဖို့ပါ။ နောက်ထပ် တစ်စုံတစ်ယောက်က သင့်ဘဝကို အလင်းပေးဖို့ရှိနေအုန်းမယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ သင့်မှာ ဆွဲဆောင်နိုင်တဲ့ အရည်အသွေးတွေနဲ့ ပြည့်နေတာကြောင့် သင်ကို တန်ဖိုးထားချစ်ပေမယ့် နောက်ထပ်အချစ်ကို ရှာတွေ့နိုင်မှာပါ။