တချို့က ရည်းစားဟောင်းကို မမေ့နိုင်ပဲ စွဲလမ်းနေတာမျိုးမဟုတ်ပဲ Crush ကို စွဲလမ်းနေတာမျိုး ရှိပါတယ်။ ဘယ်လောက်ပဲစွဲလမ်းနေပါစေ၊ ဘယ်လောက်ပဲ ကြိုက်ခဲ့ရတဲ့သူဖြစ်ပါစေ ရည်းစားရသွားရင်တော့ move on လုပ်ပစ်ရမှာပါပဲ။ Move on မလုပ်နိုင်ရင် couple ပုံမြင်တိုင်း ကိုယ်ပဲနာကျင်နေရပါလိမ့်မယ်။ ဒါကြောင့် ရည်းစားရသွားတဲ့ crush ကို move on လုပ်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

Account ထဲဝင်မကြည့်ပါနဲ့တော့

Account ထဲခဏခဏ ဝင်ကြည့်နေရင် move on မလုပ်နိုင်ပဲ feel နေရပါလိမ့်မယ်။ Couple ပုံမြင်တိုင်းလည်း နာကျင်နေရပါလိမ့်မယ်။ ဒါကြောင့် account ထဲဝင်ကြည့်တာတွေကို ရပ်လိုက်ရပါမယ်။

သိမ်းထားတာတွေဖျက်လိုက်ပါ

ဖုန်းထဲမှာ crush ပုံတွေ၊ သူနဲ့ပတ်သက်တာတွေ သိမ်းထားတာရှိရင် ဖျက်လိုက်ပါ။ ဆက်သိမ်းထားနေစရာလည်း မလိုတော့တဲ့အခြေအနေမှာ သိမ်းထားပြီး ကိုယ့်ကိုယ်ကို ပင်ပန်းအောင်မလုပ်ပါနဲ့။

တခြားသူတွေနဲ့စကားပြောပါ

သူနဲ့ကိုယ်နဲ့က ရည်းစားဖြစ်ခဲ့တာလည်းမဟုတ်ပါဘူး။ Crush တဲ့အဆင့်မှာပဲ ရှိသေးတာပါ။ ဒီတော့ ပိုပြီး move on လုပ်ရတာလွယ်ပါတယ်။ သူမရှိလည်း တခြားသူတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောလိုက်ပါ။ ကိုယ်က single ဖြစ်တဲ့အတွက် လွတ်လပ်မှု အပြည့်အဝရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။

ပတ်သက်ဆက်သွယ်မှုတွေမလုပ်ပါနဲ့တော့

အရင်လို စကားတွေပြေတာ၊ လျှောက်သွားတာမျိုးစတဲ့ ပတ်သက်ဆက်သွယ်မှုတွေကို မလုပ်ပါနဲ့တော့။ Crush အဖြစ်ကနေ ရပ်စဲနိုင်ဖို့ ဒါကလည်း လိုအပ်တဲ့အချက်ပါပဲ။

ပျော်ပျော်နေပါ

အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်က single ဖြစ်တဲ့အတွက် လွတ်လပ်ပေါ့ပါးမှု အပြည့်အဝရှိပါတယ်။ စိတ်ညစ်စရာ ပူလောင်စရာတွေကို ထွေးပိုက်မထားပဲ အကုန်လွှတ်ချထားပြီး ပျော်ပျော်သာနေပါ။ Crush ကရည်းစားရသွားလည်း အေးဆေးပဲဆိုတာမျိုးပဲ ဖြစ်ပါစေ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အသစ်အသစ်တွေနဲ့ပဲ ပျော်အောင်နေပစ်လိုက်ပါ။ အဲ့ crush ကိုလည်း အမြန်ဆုံး move on လုပ်နိုင်သွားပါလိမ့်မယ်။