ဆံပင်ခြောက်တာက လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်တွေ ဆေးဆိုးလိုက် ဖြောင့်လိုက် ကောက်လိုက်နဲ့ လုပ်တဲ့အခါ ကြာလာတဲ့အမျှ ဆံပင်တွေဟာ ခြောက်သွေ့ပြီး ကြမ်းတမ်းလာပါတယ်။ ဒီလို ကြုံတွေ့လာတဲ့အခါ ဘယ်လိုလုပ်ကြမလဲ ? သင့်ဆံပင်တွေ ခြောက်သွေ့နေတယ်ဆိုရင် ဆံပင်ကို ကျန်းမာပြီး အစိုဓာတ်ထိန်းထားဖို့ ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ။
Hydrating Shampoo သုံးပါ
အကောင်းဆုံးကတော့ ခေါင်းလျှော်ရည်က ဆံပင်ကို အစိုဓာတ်ထိန်းပေးတာပါ ။ ခေါင်းလျှော်ရည်က ရေဓာတ်ဖြည့်တင်းတယ်လို့ ပြောရင်တောင် တံဆိပ်ကို သေချာကြည့်ဖို့ လိုပါတယ်။ အစိုဓာတ်ရှိတဲ့ ခေါင်းလျှော်ရည်အားလုံးက ဆံပင်ကို တကယ် စိုပြေစေမှာ မဟုတ်ပါဘူး။
နေ့တိုင်းမလျှော်ပါနဲ့
ဦးရေပြားရဲ့ သဘာဝအဆီများ ပြန်လည်ဖြည့်တင်းနိုင်ဖို့ နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။
Conditioner သုံးပါ
ဆံပင်ရဲ့အစိုဓာတ်ကိုထိန်းသိမ်းဖို့ ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးဖို့ မမေ့ပါနဲ့။
Overnight Mask သုံးပါ
တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် Conditioning Treatment or Hydrating Hair Oil ကိုသုံးပြီး Overnight Mask လုပ်ပေးပါ။
Heat Styling ကိုရှောင်ပါ
ဆံပင်ခြောက်သွေ့ခြင်းကို ကင်းဝေးစေဖို့အတွက် အတတ်နိုင်ဆုံး Heat Styling ကိုရှောင်ပါ။
Uv Protection လုပ်ပါ
နေရောင်ခြည်ကို အလွန်အကျွံ ထိတွေ့ခြင်းက ဆံပင်ရဲ့ အစိုဓာတ်ကိုဖယ်ရှားနိုင်ပါတယ်။ နေပူထဲမှာ အချိန်ကြာကြာနေမယ်ဆို အပြင်မထွက်ခင် UV Protection ပါတဲ့ ဦးထုပ် ဒါမှမဟုတ် ပဝါကို သုံးပေးပါ။
 
											
				 
									





 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				