မျက်နှာအသားအရေတစ်ခုထဲကိုပဲ ဂရုစိုက်လို့မရပါဘူး။ အရေးအကြောင်းတွေ၊ အိုမင်းရင့်ရော်ခြင်းတွေက လည်ပင်းမှာလည်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် လည်ပင်းအရေးအကြောင်းတွေမဖြစ်အောင်၊ လျော့ပါးအောင် သေချာ Care လုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို လုပ်ပေးပါ။ အသက် ၄၀ မတိုင်ခင်မှာလုပ်ပေးမှ အသက်ကြီးလာတဲ့အခါ လည်ပင်းအရေးအကြောင်းတွေဖြစ်ပွားမှုနှုန်းက သူများထက်ပိုပြီး နှေးကွေးပါမယ်၊ အသက် ၄၀ မတိုင်ခင်မှာလည်း အရေးအကြောင်းတွေမရှိပဲ နေနိုင်ပါမယ်။

Sunscreen လိမ်းပါ

နေရောင်ခြည်ဒဏ်ကိုခံရရင် ဘယ်နေရာပဲဖြစ်ဖြစ် အသားအရေပျက်စီးပြီး အရွယ်မတိုင်ခင် အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာတာပါပဲ။ ဒါကြောင့် လည်ပင်းမှာ အရေးအကြောင်းတွေ မဖြစ်ချင်သေးဘူး၊ ဖြစ်ရင်လည်း အရေးအကြောင်းတွေ အများကြီးဖြစ်တာမျိုး မလိုချင်ဘူးဆိုရင်တော့ အခုကစပြီး လည်ပင်ကိုလည်း Sunscreen သေချာလိမ်းပေးပါ။

Retinol

Retinol က အရေးအကြောင်းတွေနဲ့ Fine Lines တွေကို ကုသဖို့၊ ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဘယ်လိုသုံးရမလဲဆိုရင်တော့ လည်ပင်းလိမ်းတဲ့ Neck Cream တွေမှာ Retinol ပါတာတွေ ရှိပါတယ်။ အဲ့လိုမျိုးကို သုံးပေးလို့ရသလို မျက်နှာကို Skincare လိမ်းရင်းနဲ့ Retinol ကိုပါ လည်ပင်းကို လိမ်းပေးတာမျိုး လုပ်လို့လည်း ရပါတယ်။ တစ်ပတ်ကို ၂ ရက်လောက်လိမ်းပေးရင် ရပါပြီ။

Moisturizer

အသားအရေခြောက်သွေ့ပြီး မွဲခြောက်တာတွေ ဖြစ်နေရင်လည်း အရေးအကြောင်းတွေ ပိုဖြစ်လွယ်ပါတယ်။ အသားအရေတင်းရင်းပြီး Hydration ပြည့်ဝနေမှ အရေးအကြောင်းတွေ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်မှာပါ။ ဒါကြောင့် လည်ပင်းကိုလည်း နေ့တိုင်း Moisturizer or Neck Cream လိမ်းပေးဖို့ မမေ့ပါနဲ့။

ဖုန်းကိုငုံ့မကြည့်ပါနဲ့

ဖုန်းသုံးတဲ့အခါ ဖုန်းကိုငုံ့ကြည့်တာမျိုးက လည်ပင်းမှာ Fine Lines တွေ ပိုပြီးဖြစ်လွယ်စေပါတယ်။ ဒါကြောင့် ဖုန်းကို မျက်နှာနဲ့တစ်တန်းတည်းထားပြီး ကြည့်တာမျိုး လုပ်ပေးပါ။ Computer ဆိုလည်း အဲ့အတိုင်းပါပဲ။

Botox

အရေးအကြောင်းတွေကို လျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းထဲမှာ Botox ကို ထိုးပေးတာလည်း ပါပါတယ်။ Botox ထိုးဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့သာ သေချာတိုင်ပင်ပြီး လုပ်ပေးပါ။

Scarf စည်းပါ

နေရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် အရေးအကြောင်းတွေ လွယ်လွယ်ကူကူ မဖြစ်အောင်လို့ လည်ပင်းကို အကာအကွယ်အုပ်ထားတဲ့အနေနဲ့ Scarf စည်းတာမျိုးနဲ့လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။ Scarf က အေးတဲ့အသားမျိုးဖြစ်ရင်တော့ ပိုပြီးသက်တောင့်သက်သာ ဖြစ်စေမှာပါ။