အသည်းကွဲတာကို ပျောက်အောင် ကုစားနိုင်တဲ့ နည်းလမ်းတွေ အများအပြားကို သင်ကြားဖူးမှာပါ။ တချို့လူတွေအတွက်တော့ အသည်းကွဲတာက ခဏတဖြုတ်လောက်ပဲ ကြာလေ့ရှိပေမယ့် တချို့အတွက်တော့ အသည်းကွဲတဲ့ ဒဏ်ရာက ကြီးလွန်းတာကြောင့် ဘယ်တော့မှ ဒါကြီး ပြီးမှာလဲဆိုပြီး နာကျင်နေတတ်ပါတယ်။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် သူ့ကို သတိရတတ်တဲ့ စိတ်က နေရခက်လှပါတယ်။ ဒီတစ်ခေါက်မှာတော့ အသည်းကွဲတာကြာပြီ ဖြစ်ပေမယ့် အခုထိ ကွဲနေဆဲ ဖြစ်တဲ့ ပျိုမေတို့အတွက် ကုစားနည်းတွေကို ဖော်ပြပါရစေ။

၁။ ထိပ်တိုက်ရင်ဆိုင်လိုက်ပါ

အသည်းကွဲတဲ့ ခံစားချက်က ခံရခက်တာကို ကြုံဖူးသူတိုင်း သိပါတယ်။ ဒါကို သင်က မခံစားချင်တာကြောင့် အသည်းကွဲတာကို အတင်းမေ့ပစ်ပြီး တခြား ပျော်စရာတွေနဲ့ အာရုံပြောင်းနေမယ်ဆိုရင် သင်တစ်ယောက်တည်း ပြန်ဖြစ်တဲ့အချိန် အရင်လိုပဲ ပြန် ခံစားရပါလိမ့်မယ်။ ဒါကြောင့် စိတ်မချမ်းမြေ့ဖွယ် ခံစားချက်ကို ရင်ဆိုင်သင့်ပါတယ်။

၂။ သံယောဇဉ်ဖြတ်ဖို့လိုပါတယ်

သင်က သူနဲ့ သံယောဇဉ်လုံးဝဖြတ်နိုင်ဖို့ ပြတ်ပြီးရင်တောင် သူငယ်ချင်းအနေနဲ့ မြင်နိုင်ပါသေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မထားသင့်ပါဘူး။ ဖြစ်နိုင်ရင် သူနဲ့ Social Media မှာပါ Friend ဖြစ်မနေသင့်ပါဘူး။ ရှောင်လို့ရသမျှ အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။

၃။ အရင် ရည်းစားမထားခဲ့တုန်းက တစ်ယောက်တည်း နေခဲ့ဖူးတာကို ပြန်တွေးကြည့်ပါ

သင်က ရည်းစားစထားတာနဲ့ မိန်းကလေး ပီပီ သူ့အပေါ် အားကိုးမိတာတွေ ရှိခဲ့မှာပါ။ အခုချိန်မှာ အရာရာ သူမပါဘဲ နေရမှာ မှန်ပေမယ့် အရင် ရည်းစားမထားခဲ့တုန်းက သင့်ကိုယ်သင် အားကိုးကာ ရပ်တည်ခဲ့ဖူးတာကို မမေ့သင့်ပါဘူး။

၄။ ကောင်းခြင်းအပြင် သင့်ခွန်အားကိုပါ အသိအမှတ်ပြုပါ

စိတ်ညစ်နေတဲ့အချိန် ကိုယ့်ရဲ့ ကောင်းကွက်တွေကို တွေးတာ မှန်ကန်သလိုပဲ အသည်းကွဲရင်တော့ ကိုယ့်အားသာချက်တွေကိုတွေးသင့်ပါတယ်။ ဘယ်လောက်ထိ သင်က သန်မာလဲ၊ ဘယ်လောက်ထိ စိတ်ဓာတ်မာကြောလဲ စတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးသင့်ပါတယ်။

၅။ ငိုချင်သလောက် ငိုပစ်ပါ

မျက်ရည်တွေက သင့်စိတ်ကို သန့်ရှင်းရေး လုပ်ပေးမယ့် အကူတွေပါ။ သူ့ကို သတိရတဲ့အချိန် ငိုချင်ရင် မအောင့်ထားဘဲ စိတ်ကြိုက် ငိုချပစ်သင့်ပါတယ်။

၆။ အကူအညီလိုနေတဲ့ သူကို ကူညီပါ

သင့်သူငယ်ချင်းတွေထဲမှာ အခက်အခဲ ဖြစ်နေတဲ့ သူကို ကူညီပေးတာ၊ သင့်အမေကို ကူပေးတာ၊ အဖွဲ့အစည်းတွေမှာ Volunteer လုပ်ပေးတာ စတာတွေကို လုပ်ပေးသင့်ပါတယ်။ သူ့အပေါ်ခံစားချက်တွေကို တခြားသူကို ကူညီပေးတာနဲ့ အစားထိုးသင့်ပါတယ်။

၇။ အသစ်က ပြန်စပါ

သင်က ရည်းစားနဲ့ ပြတ်သွားပြီ ဖြစ်တာကြောင့် အရာရာကို အစက ပြန်စနိုင်ပါတယ်။ စတိုင်အသစ်၊ ဆံပင်ပုံစံ အသစ်၊ အလုပ်အသစ် စသဖြင့် ပြန်မွေးဖွားလာသလို ပြန်စနိုင်ပါတယ်။

Source: Allwomenstalk

By MyStyle Myanmar