[Zawgyi]

မိန္းကေလးတုိင္း ပိုင္ဆိုင္တဲ့အရာေတြထဲမွာ အိတ္ေတြလည္းအပါအဝင္ပါပဲ။ မိန္းကေလးတစ္ေယာက္ကို ပိုလွသြားေစတာကလည္း အိတ္ပါပဲ။ ဒါေပမဲ့ အိတ္ေရြးခ်ယ္ျပီး လြယ္တတ္ဖုိ႔ေတာ့လိုပါတယ္။ ဒီေတာ့ သင္ဝတ္ေနက်အဝတ္အစားနဲ႔ လိုက္ဖက္ဖို႔ အိတ္ဘယ္လိုေရြးသင့္လဲ နည္းလမ္းေတြကို ေဖာ္ျပပါရေစ။

၁။ ဘယ္လိုပြဲမ်ိဳးသြားမွာလဲ ဘယ္လိုေနရာသြားမွာလဲ

သင္သြားတဲ့ေနရာေပၚမူတည္ျပီး လြယ္တဲ့အိတ္ေတြကလည္း ကြဲျပားသြားပါတယ္။ ညစာစားပြဲလား၊ ရံုးသြားမွာလား၊ Shopping ထြက္မွာလည္း စသည္ျဖင့္ ေနရာေပၚမူတည္ျပီး အိတ္ေတြကလည္း မတူပါဘူး။

  • ရိုးရိုး Casual Bag

Casual Bag ကို သာမန္ အဝတ္အစားေတြနဲ႔ ဝတ္ဆင္ႏုိင္ပါတယ္။

  • အိတ္အၾကီး

Shopping ထြက္တဲ့အခ်ိန္ အိတ္အၾကီးေတြက အဆင္ေျပပါတယ္။

  • ေဘးလြယ္အိတ္

ေဘးလြယ္အိတ္က ခါးရွည္ေဘာင္းဘီေတြနဲ႔လုိက္ဖက္ပါတယ္။

  • အိတ္အဝိုင္း

အိတ္အဝိုင္းေလးေတြက ေႏြရာသီ ေပါ့ေပါ့ပါးပါးအက်ၤ ီေလးေတြနဲ႔ လုိက္ဖက္ပါတယ္။

  • လက္ကိုင္အိတ္

လက္ကိုင္အိတ္ေတြက ပြဲတက္တဲ့ေနရာမွာ အသံုးဝင္ပါတယ္။

၂။ သင့္ခႏၶာကိုယ္အမ်ိဳးအစား

အိတ္အရွည္နဲ႔ အိတ္ပံုစံက ကိုယ့္ရဲ႕ ခႏၶာကိုယ္ပံုစံကို ေျပာင္းလဲသြားေစပါတယ္။ သစ္ေတာ္သီးပံုစံ ခႏၶာကိုုယ္ပိုင္ရွင္ေတြက အိတ္ၾကိဳးတုိတာေလးေတြ လြယ္သင့္ပါတယ္။ ရင္သားၾကီးတဲ့မိန္းကေလးေတြအေနနဲ႔ ရင္ဘတ္ကို Cross ျဖစ္သြားေစတဲ့ အိတ္ၾကိဳးကို ရင္ဘတ္ေပၚ ေဘးတစ္ေဇာင္းထားတာေတြ ေရွာင္ေပးပါ။ အရပ္ပုတဲ့မိန္းကေလးေတြအေနနဲ႔ ၾကိဳးတိုတဲ့အိတ္ေတြကိုေရွာင္ေပးပါ။ ပိုပုသြားပါလိမ့္မယ္။

၃။ သင့္ဖက္ရွင္က ဘယ္လိုမ်ိဳးလဲ

သင္က ေပါ့ေပါ့ပါးပါးေနတတ္သူလား။ မိန္းကေလးဆန္ျပီး အရွက္အေၾကာက္ၾကီးတဲ့ပံုစံလား။ ျမန္မာဝတ္စံုဝတ္တာမ်ားလား။ စတဲ့ အခ်က္ေတြေပၚမူတည္ျပီး ကိုယ္ေရြးတဲ့အိတ္ကို စဥ္းစားသင့္ပါတယ္။

၄။ သင့္အဝတ္အစားအေရာင္

သင့္အဝတ္အစားက အေရာင္မွိန္တယ္ဆိုရင္ အေရာင္ေတာက္တဲ့ အိတ္ ဒါမွမဟုတ္ Pattern ပါတဲ့အိတ္မ်ိဳးလြယ္ေပးပါ။ သင့္အဝတ္အစားက အေရာင္စံုတယ္ဆုိရင္ေတာ့ အိတ္အေရာင္ကို အေရာင္ျငိမ္တာေလးေရြးပါ။ Leather အိတ္ေလးေတြဆုိရင္ အဆင္ေျပပါတယ္။

[Unicode]

မိန်းကလေးတိုင်း ပိုင်ဆိုင်တဲ့အရာတွေထဲမှာ အိတ်တွေလည်းအပါအဝင်ပါပဲ။ မိန်းကလေးတစ်ယောက်ကို ပိုလှသွားစေတာကလည်း အိတ်ပါပဲ။ ဒါပေမဲ့ အိတ်ရွေးချယ်ပြီး လွယ်တတ်ဖို့တော့လိုပါတယ်။ ဒီတော့ သင်ဝတ်နေကျအဝတ်အစားနဲ့ လိုက်ဖက်ဖို့ အိတ်ဘယ်လိုရွေးသင့်လဲ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ဘယ်လိုပွဲမျိုးသွားမှာလဲ ဘယ်လိုနေရာသွားမှာလဲ

သင်သွားတဲ့နေရာပေါ်မူတည်ပြီး လွယ်တဲ့အိတ်တွေကလည်း ကွဲပြားသွားပါတယ်။ ညစာစားပွဲလား၊ ရုံးသွားမှာလား၊ Shopping ထွက်မှာလည်း စသည်ဖြင့် နေရာပေါ်မူတည်ပြီး အိတ်တွေကလည်း မတူပါဘူး။

  • ရိုးရိုး Casual Bag

Casual Bag ကို သာမန် အဝတ်အစားတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။

  • အိတ်အကြီး

Shopping ထွက်တဲ့အချိန် အိတ်အကြီးတွေက အဆင်ပြေပါတယ်။

  • ဘေးလွယ်အိတ်


ဘေးလွယ်အိတ်က ခါးရှည်ဘောင်းဘီတွေနဲ့လိုက်ဖက်ပါတယ်။

  • အိတ်အဝိုင်း

အိတ်အဝိုင်းလေးတွေက နွေရာသီ ပေါ့ပေါ့ပါးပါးအကျင်္ ီလေးတွေနဲ့ လိုက်ဖက်ပါတယ်။

  • လက်ကိုင်အိတ်

လက်ကိုင်အိတ်တွေက ပွဲတက်တဲ့နေရာမှာ အသုံးဝင်ပါတယ်။

၂။ သင့်ခန္ဓာကိုယ်အမျိုးအစား

အိတ်အရှည်နဲ့ အိတ်ပုံစံက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲသွားစေပါတယ်။ သစ်တော်သီးပုံစံ ခန္ဓာကိုုယ်ပိုင်ရှင်တွေက အိတ်ကြိုးတိုတာလေးတွေ လွယ်သင့်ပါတယ်။ ရင်သားကြီးတဲ့မိန်းကလေးတွေအနေနဲ့ ရင်ဘတ်ကို Cross ဖြစ်သွားစေတဲ့ အိတ်ကြိုးကို ရင်ဘတ်ပေါ် ဘေးတစ်ဇောင်းထားတာတွေ ရှောင်ပေးပါ။ အရပ်ပုတဲ့မိန်းကလေးတွေအနေနဲ့ ကြိုးတိုတဲ့အိတ်တွေကိုရှောင်ပေးပါ။ ပိုပုသွားပါလိမ့်မယ်။

၃။ သင့်ဖက်ရှင်က ဘယ်လိုမျိုးလဲ

သင်က ပေါ့ပေါ့ပါးပါးနေတတ်သူလား။ မိန်းကလေးဆန်ပြီး အရှက်အကြောက်ကြီးတဲ့ပုံစံလား။ မြန်မာဝတ်စုံဝတ်တာများလား။ စတဲ့ အချက်တွေပေါ်မူတည်ပြီး ကိုယ်ရွေးတဲ့အိတ်ကို စဉ်းစားသင့်ပါတယ်။

၄။ သင့်အဝတ်အစားအရောင်

သင့်အဝတ်အစားက အရောင်မှိန်တယ်ဆိုရင် အရောင်တောက်တဲ့ အိတ် ဒါမှမဟုတ် Pattern ပါတဲ့အိတ်မျိုးလွယ်ပေးပါ။ သင့်အဝတ်အစားက အရောင်စုံတယ်ဆိုရင်တော့ အိတ်အရောင်ကို အရောင်ငြိမ်တာလေးရွေးပါ။ Leather အိတ်လေးတွေဆိုရင် အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar