မျက်နှာပေါ်မှာရှိတဲ့ဝက်ခြံတွေကို မိတ်ကပ်နဲ့ သေချာဖုံးပြီးပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Primer

အရင်ဆုံးဘာမှမလိမ်းခင်မှာ primer လိမ်းပေးပါ။ ဝက်ခြံရှိတဲ့သူတွေဆိုရင် oil-free ဖြစ်ပြီး ဝက်ခြံသမားအတွက် အဆင်ပြေစေတာမျိုးကိုပဲ ရွေးသုံးပေးပါ။ Primer ခံလိမ်းမှ မိတ်ကပ်နဲ့ ဝက်ခြံဖုံးတဲ့အခါမှာ မိတ်ကပ်သားက ကြာရှည်ခံစေမှာပါ။

Concealer

ဝက်ခြံတွေကိုဖုံးဖို့အတွက် အဓိကကျတဲ့အရာကတော့ concealer ဖြစ်ပါတယ်။ Concealer နဲ့ ဝက်ခြံတွေကို သေချာတို့ပြီး ဖုံးနိုင်ပါတယ်။

Concealer brush

Concealer သုံးတဲ့အခါမှာ လက်နဲ့မလိမ်းပါနဲ့။ Concealer brush နဲ့ သေချာလိမ်းပေးပါ။ ဒါမှ သေချာဖုံးနိုင်မှဖြစ်ပြီး သိပ်သိပ်လေးနဲ့ concealer သုံးထားမှန်းတောင် မသိသာစေမှာပါ။

Foundation

Concealer သုံးပြီးရင် foundation လိမ်းပေးပါ။ Foundation သုံးတဲ့အခါမှာလည်း ဝက်ခြံသမားတွေအတွက် အဆင်ပြေတာမျိုးကိုပဲ ရွေးသုံးပေးပါ။ လက်နဲ့မလိမ်းပါနဲ့။ Makeup sponge or makeup brush နဲ့ သေချာလိမ်းပေးပါ။ ဒါမှ မိတ်ကပ်သား သိပ်သိပ်လေးနဲ့လှနေမှာပါ။

Setting powder

ကိုယ်လိမ်းထားတဲ့မိတ်ကပ်က လုံးဝကို perfect ဖြစ်ပြီး ဝက်ခြံတွေ၊ အပြစ်အနာအဆာတွေကို သေချာဖုံးနိုင်ဖို့အတွက် နောက်ဆုံးမှာ setting powder သုံးပေးဖို့လည်း မမေ့ပါနဲ့။ ဒါဆိုရင်တော့ မျက်နှာပေါ်ကဝက်ခြံတွေကို မိတ်ကပ်နဲ့ သေချာဖုံးပြီးသွားပြီပဲ ဖြစ်ပါတယ်။

အရေးကြီးတာက မိတ်ကပ်တွေလိမ်းပြီးသွားရင်တော့ cleansing သေချာပြန်လုပ်ပေးဖို့ မမေ့ပါနဲ့။ Cleansing သေချာမလုပ်ရင်တော့ ဝက်ခြံတွေက ပိုဆိုးလာမှာပါ။ ဒါကြောင့် makeup remover or cleansing oil စတာတွေနဲ့ ဖျက်ပြီးတော့မှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။