လက်သည်းပျက်စီးနေတဲ့သူတွေ၊ လက်သည်းအရှည်နှေးနေတဲ့သူတွေ၊ ခဏခဏ ကျိုးပဲ့လွယ်တဲ့သူတွေအတွက် လက်သည်းအရှည်မြန်ပြီး သန်မာလာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Biotin

Biotin ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ၊ Biotin Supplement စတာတွေကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းက လက်သည်းကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ လက်သည်းနဲ့ ဆံပင် အရှည်မြန်စေတယ်။ လက်သည်းသန်မာစေပါတယ်။

Quality ကောင်းတာသုံးပါ

လက်သည်းဖျက်ဆေးနဲ့ လက်သည်းနီတွေက Quality မကောင်းရင် လက်သည်းဝါညစ်ပြီး ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် Quality ကောင်းတာတွေ ပြောင်းသုံးကြည့်ပါ။

အစားအသောက်

လက်သည်းအရှည်မြန်ပြီး သန်မာစေဖို့၊ လက်သည်းကျန်းမာစေဖို့ဆိုရင် အစားအသောက်ကလည်း လိုပါတယ်။ အသီးအနှံများများစားပါ။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ Oily Fish, Nuts, Seeds, ထောက်ပတ်သီး၊ ကြက်ဥ၊ အသား၊ ကန်စွန်းဥ စတာတွေကိုလည်း များများစားပေးပါ။

Gel လက်သည်းဆိုးတာလျှော့ပါ

လက်သည်းကို Gel ဆိုးတာများရင် လက်သည်းပျက်စီးပါတယ်။ လက်သည်းခွံပျော့ပြီး ကျိုးပဲ့လွယ်လာပါတယ်။ ဒါကြောင့် လက်သည်းကို Gel ခဏခဏဆိုးလေ့ရှိတဲ့သူဆိုရင် လျှော့ဆိုးပါ။

Cleansing ပုံမှန်လုပ်ပါ

လက်သည်းကို Cleansing တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးပါ။ လက်သည်းမကိုက်ပါနဲ့။ လက်သည်းကိုက်ရင် လက်သည်းအရှည်ထားဖို့ ခက်ပါတယ်။ လက်သည်းအရှည်နှေးပြီး လက်သည်းအလှ ပျက်စီးစေပါတယ်။