နှုတ်ခမ်းက ဖူးဖူးလေးနဲ့ တင်းပြီးလှနေတာကို မကြိုက်တဲ့မိန်းကလေးမရှိပါဘူး။ ဒါကြောင့် ဒီလိုနှုတ်ခမ်းမျိုးရဖို့ တချို့က Fillers နဲ့ Injections တွေကို သုံးပြီးပြုပြင်တတ်ကြပါတယ်။ ဒါပေမယ့် သင်က ဒီလိုမျိုးတွေကို မလုပ်ချင်ဘူးဆိုရင်တော့ ဖူးဖူးလေးနဲ့ တင်းပြီးလှတဲ့နှုတ်ခမ်းရအောင် ကူညီပေးနိုင်တဲ့ Lip Products တွေကို သုံးလို့ရပါတယ်။

Lip Products တွေက နှုတ်ခမ်းသားကို လှစေရုံသာမက သွေးလည်ပတ်မှုကိုလည်း အားကောင်းစေတာကြောင့် နှုတ်ခမ်းသားကို ပိုမိုတောက်ပလာစေပါတယ်။

Scrub

ခြောက်ပြီး ကွဲနေတဲ့နှုတ်ခမ်းသားမဖြစ်အောင် သွားတိုက်တံဖြင့် ဖြည်းဖြည်းချင်းပွတ်ပြီး Scrub လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းသားရဲ့သွေးလည်ပတ်မှုကိုကောင်းစေပြီး ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားကို ရရှိစေပါတယ်။ အထူးသဖြင့် Matte နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသားခြောက်နေတဲ့ပျိုမေတွေ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။

Nude Filler

နှုတ်ခမ်းနီမဆိုးရင် အရင်ဆုံး Nude Filler အရင်ဆိုးပေးပါ။ Filler က နှုတ်ခမ်းသားခြောက်နေတာ ကွဲနေတာကိုတွေ ဖြည့်ပေးတာမလို့ Filler ဆိုးပြီးမှ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသားကို ဖူးဖူးလေးနဲ့တင်းပြီး လှတဲ့နှုတ်ခမ်းလေးကို ရစေပါတယ်။

Lip Liner

ပိုကြီးတဲ့နှုတ်ခမ်းအတွက် နောက်ထပ်နည်းလမ်းကတော့ နှုတ်ခမ်းအပြင်ဘက်ကို Lip Liner နဲ့ ပုံဖော်တာပါ။ ရှင်းရှင်းလေးနဲ့ မသိသာအောင်ဆိုးထားရင် နှုတ်ခမ်းက သဘာဝအတိုင်း ဖူးဖူးလေးနဲ့လှနေမှာပါ။

အရောင်

နှုတ်ခမ်းနီအရောင်ရွေးတဲ့အခါ နှုတ်ခမ်းကို ပြည့်ပြည့်လေးနဲ့ ပေါ်လွင်စေချင်ရင် မှောင်တဲ့အရောင်ထက် အရောင်ဖျော့ဖျော့လေးတွေ ဒါမှမဟုတ် လင်းတဲ့အရောင်ကို ရွေးပါ။

Glosses

မိန်းကလေးတွေကြား ပြန်ခေတ်လာတဲ့ Glosses တွေလည်း သုံးလို့ရပါသေးတယ်။ ဒါကြောင့် နောက်တစ်ခါ ဆိုးတဲ့အခါ နှုတ်ခမ်းသားလေး စိုရွဲပြီး တောက်ပြောင်ချင်ရင်တော့ Glosses လိမ်းပေးပါ။