ခေါင်းလျှော်ထားပေမယ့် အမွှေးနံ့မစွဲလို့ စိတ်ညစ်နေလား ? တချို့ကောင်မလေးတွေလို အနားကပ်လိုက်ရင်တောင် ဆံပင်လေးက မွှေးနေတာမျိုးလိုချင်ရင် အခုပြောပြပေးမယ့်အချက်လေးတွေကို လုပ်ကြည့်ပါ။

အနံ့မွှေးတဲ့ Dry Shampoo သုံးပါ

မွှေးနေတဲ့ဆံပင်ဖြစ်ဖို့ အမြဲခေါင်းလျှော်နေဖို့ မလိုပါဘူး။ ခေါင်းလျှော်ပြီးနောက်ရက်တွေမှာ အနံ့မွှေးတဲ့ Dry Shampoo ကို သုံးလို့ရပါတယ်။

ကျစ်ဆံမြီးကျစ်ပါ

ညဘက်ခေါင်းလျှော်တတ်တယ်ဆို ဆံပင်မစိုမခြောက်ချိန်မှာ ကျစ်ဆံမြီးဖွဖွးလေးကျစ်ပြီး အိပ်လိုက်ပါ။ ဒါက မနက်နိုးလာရင် ဆံပင်ရဲ့မွှေးနေတဲ့အနံ့ကို တစ်နေကုန်ထိန်းထားပေးနိုင်ပါတယ်။ ဒီလိုလုပ်တာက လှိုင်းတွန့်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ဆံပင်လေးတွေကိုလည်း အပိုဆုအနေနဲ့ရအုန်းမှာပါ။

ခေါင်းအုံးစွပ်ကိုဖြန်းပါ

တကယ်လို့ ညဘက်ခေါင်းမလျှော်ဖြစ်ဘူး ဒါမှမဟုတ် ဆံပင်ကတိုနေတယ် ဆိုရင် ခေါင်းအုံးစွပ်ကို အနံ့မွှေးမွှေးလေး ဖြန်းလိုက်ပါ။

အကြိုက်ဆုံးရေမွှေးကိုသုံးပါ

သင်ကြိုက်တဲ့ရေမွှေးကို Body အတွက်သာမက ဆံပင်အတွက်လည်း သုံးလို့ရပါသေးတယ်။ ဒါပေမယ့် ဆံပင်ကို တိုက်ရိုက်မဖြန်းပါနဲ့။ ခေါင်းပေါ်ကလေထဲ ဖြန်းပြီး ဆံပင်ကို အနံ့စွဲပါစေ။ ဒါမှမဟုတ် ခေါင်းဖြီးကိုဖြန်းပြီး ဆံပင်ကို ဖြည်းဖြည်းချင်း ဖြန်းပေးပါ။

မွှေးတာတခုခုချက်ပါ

ဟင်းချက်ရင် ဆံပင်မှာ အနံ့တွေစွဲနေတာက အများအားဖြင့်တော့ ဒါက စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒါပေမယ့် ဆံပင်ကို အရသာရှိတဲ့အမွှေးနံ့လိုချင်ရင်တော့ ကွတ်ကီး၊ ကိတ်မုန့် ဒါမှမဟုတ် အရသာရှိတဲ့ ဖုတ်ထားတဲ့ တစ်ခုခုကို လုပ်ကြည့်ပါ။ အကျိုးရှိမှာပါ။

Hair Dryer နဲ့ Heat Protectant Spray ကိုသုံးပါ

အနံ့မွှေးမွှေးပါတဲ့ Heat Protectant Spray ဖြန်းပြီး ဆံပင်ကို Dryer မှုတ်ကြည့်ပါ။ ခေါင်းမလျှော်ဘဲနဲ့ မွှေးနေတဲ့ဆံပင်လေး ရလာမှာပါ။