အချစ်ရေးတစ်ခုမှာ မိန်းကလေးတွေက ပိုစိတ်ဆိုး စိတ်ကောက်တတ်ကြတယ်လို့ အများစုက ပြောကြပါတယ်။ဒါပေမဲ့ ယောကျာ်းလေးတွေလည်း စိတ်ဆိုးတတ်ပါတယ်။ ဥပမာ- သင့်သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ သူ့ဖုန်းကို မကိုင်မိတာ၊ အရင်ရည်းစားဟောင်း အကြောင်းကို သူ့ဆီ ပြောနေမိတာ၊ ချိန်းထားတာကို မေ့သွားတာ၊ သူ့သဘောကျတဲ့ အရာတွေ အပေါ် အထင်သေးမိတာ စတဲ့ အကြောင်းအရာတွေက ယောကျာ်းလေးတွေ စိတ်ဆိုးတတ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ သင်က သင့်ကောင်လေးကို စိတ်ဆိုးအောင် လုပ်မိခဲ့ရင် ဘယ်လိုပြန်ချော့လေ့ရှိလဲ။ ဒီအတိုင်း ပစ်ထားလိုက်လား။ အဲ့လိုတော့ မဟုတ်သေးပါဘူး။ သူ့စိတ်ကိုလည်း သင်က တစ်ခါတလေနားလည်ပြီး သူကျေနပ်အောင် ပြန်ချော့သင့်ပါတယ်။ ဒီတော့ သူ့ကို ဘယ်လိုစိတ်ဆိုးပြေအောင် ပြန်ချော့မလဲကြည့်လိုက်ရအောင်-

၁။ စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါ

သူ့ကို သင့်စိတ်ထဲကအတိုင်း စိတ်ရင်းအမှန်နဲ့ တောင်းပန်သင့်ပါတယ်။ သင့်ချစ်သူက သင် ဟန်ဆောင်နေလားတကယ် ပြောနေတာလား သိပါတယ်။ ဒါကြောင့် သင်အမှန်တကယ် တောင်းပန်နေကြောင်း သူသိအောင် ကြိုးစားသင့်ပါတယ်။

၂။ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပါ

သင်တို့နှစ်ဦးက အနေနီးတယ်ဆိုရင် ဒီအခွင့်အရေးကို အသုံးချသင့်ပါတယ်​။ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ကာအနမ်းပေးသင့်ပါတယ်။ ဒီလိုဆို သင့်ကောင်လေး က သင့်အပြုအမူပေါ် အရည်ပျော်ကျသွားပါလိမ့်မယ်။

၃။ နှိပ်ပေးပါ

 

သင့်ကို ဒေါသထွက်တဲ့ စိတ်ဖိစီးမှုတွေ သက်သာသွားဖို့ နှိပ်နယ်ပေးသင့်ပါတယ်။ သူ့အားနည်းချက် ဖြစ်တဲ့ ဆံပင်လေးကို ကိုင်ပြီး နှိပ်ပေးတာ၊ ဇက်ကြော နှိပ်ပေးတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။

၄။ ချိုသာမှုရှိပါ

သူ့အကြိုက် သင်က အသံလေး နှိမ့်ပြီး ချိုချိုသာသာ ပြောသင့်ပါတယ်။ ယောကျာ်းလေးတွေက နူးညံ့တဲ့မိန်းကလေးတွေကို သဘောကျပါတယ်​။ ဒါကြောင့် ချွဲသင့်ရင် ချွဲရပါမယ်။

၅။ ဟာသပြောပါ

သူရယ်မောပြီး သင့်ကို စိတ်ဆိုးပြေဖို့အတွက် ဟာသ ပြောသင့်ပါတယ်။ သူ့ကို စနောက်ကာ တင်းအားကို လျှော့သင့်ပါတယ်။

၆။ သူ့ကို ချီးကျူးပါ

မိန်းကလေးတွေကပဲ ယောကျာ်းလေးရဲ့ ချီးကျူးစကားကို ကြားချင်တာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်းကြားချင်ပါတယ်။ သူ့ဆံပင်စတိုင်လေး ကြည့်ကောင်းတယ်၊ ဒီနေ့ ချစ်ဖို့ကောင်းတယ် စသဖြင့် ချီးကျူးနိုင်ပါတယ်။

၇။ သူလုပ်ချင်တဲ့အရာကို လိုက်လုပ်ပေးပါ

သူစိတ်ဆိုးပြေဖို့ သူအရင်က လုပ်ချင်ခဲ့တဲ့ အရာကို လိုက်လုပ်ပေးသင့်ပါတယ်။ ဥပမာ- သူဆော့ချင်တဲ့ ဂိမ်းကိုသင်ပါ လိုက်ဆော့ပေးတာ၊ သူလိုက်စေချင်တဲ့နေရာကို သင်က လိုက်ပေးတာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

၈။ သူ့ကို အံ့ဩအောင်လုပ်ပါ

 

သူကြိုက်တဲ့ ပစ္စည်းတစ်မျိုး ဝယ်ပေးတာ၊ သူကြိုက်တဲ့ မုန့် ဝယ်ပေးလိုက်တာ စသဖြင့် သူအံ့ဩသွားအောင်ပြုလုပ်နိုင်ပါတယ်။ ဒီလို အံ့ဩအောင် ကြိုးစားလိုက်တာကြောင့် သင့်ကို စိတ်ဆိုးပြေသွားပါလိမ့်မယ်​။

၉။ အလှဆုံးပြုံးပြပါ

 

တစ်ခါတလေ သူစိတ်ဆိုးပြေဖို့ အထွေအထူး လုပ်စရာမလိုဘဲ သင့်ရဲ့ အလှဆုံး အပြုံးတစ်ခုတည်းနဲ့တင်လုံလောက်ပါတယ်။ ဘယ်သူ့ကိုမှ မပြုံးပြဖူးတဲ့ အချိုဆုံး အပြုံးလေးနဲ့ သူ့ကို ပြုံးပြလိုက်ပါ။ သူကိုယ်တိုင် မသိလိုက်ဘဲနဲ့ သင့်ကို ပြန်ပြုံးပြပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar