မင်္ဂလာပါ MyStyle Myanmar ကပျိုမေလေးတို့ရေ…ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေရှိနေတာဟာ မိန်းကလေးတစ်ယောက်အတွက်တော့ အင်မတန်ရှက်ရတဲ့ ကိစ္စတစ်ခုပါနော်။ ဒါပေမယ့်လည်း ဒီအမွှေးအမျှင်တွေကို ကိုယ့်စိတ်တိုင်းကျ တစ်သက်စာလုံး ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းကလည်း လက်တွေ့မှာမရှိသေးပါဘူး။

စိတ်မပူပါနဲ့။ တစ်သက်တာဖယ်ရှားလို့မရသေးလည်း အချိန်အတိုင်းအတာတစ်ခုလောက်တော့ ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကတော့ အများကြီးရှိပါတယ်နော်။

Chamomile tea

ပထမနည်းလမ်းလေးကတော့ Chamomile ‌Tea ကို အသုံးပြုရမှာဖြစ်ပါတယ်။ အသားအရေအတွက် ‌ေကောင်းကျိုးတွေအများကြီးရှိတဲ့ Chamomile ‌Tea က ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကို ပါးသွားအောင်လို့ ကူညီပေးနိုင်ပါတယ်။ Chamomile ‌Tea ကို ခွက်တစ်လုံးထဲမှာ အရည်စစ်ပြီး အအေးခံပါ။ အေးသွားပြီဆိုရင် ရေနွေးကြမ်းကို လက်မှာလိမ်းပေးပြီးတော့ ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုပါက ရေအေးအေးနဲ့ ပြန်ဆေးကြောလိုက်ပါ။ အခုလိုလုပ်ပေးခြင်းအားဖြင့် လက်ကအမွှေးအမျှင်တွေကို ပါးသွားစေနိုင်ပါတယ်။

လီမွန်အရည်

လီမွန်သီးက မိန်းကလေးအများစုလိုလားတဲ့ ဖြူဖွေးဖွေးအသားအရေရအောင် ကူညီပေးနိုင်တာကြောင့် လီမွန်အရည်နည်းနည်းကိုညှစ်ပြီးတော့ လက်မှာသုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားလိုက်ပြီးတော့ နေရောင်ထဲလုံးဝမထွက်ပါနဲ့။ အကယ်လို့ ကိုယ့်အသားအရေက Sensitive ဖြစ်တတ်တယ်ဆိုရင် လီမွန်အရည်ကို ပျားရည်နဲ့နည်းနည်းရောပြီးတော့မှ လိမ်းပေးပါ။

သင်္ဘောသီးနဲ့ နနွင်းအနှစ်

သင်္ဘောသီးအစိမ်းအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကို နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ပုံ ၁ ပုံနဲ့ရောပြီးတော့ လက် သို့မဟုတ် ခြေထောက်မှာသုတ်လိမ်းကာ ၁၅ မိနစ်ထားပါ။ တစ်ပတ်လျှင် တစ်ခါပြုလုပ်ပေးပါက ခန္ဓာကိုယ်အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

သကြားရည်

Waxing လုပ်တာထက် ပိုလုံခြုံမှုရှိပြီး သဘာဝပိုဆန်တယ် နာကျင်တာသက်သာတဲ့ သကြားရည်ကလည်း အမွှေးအမျှင်တွေ ဖယ်ရှားရာမှာ အင်မတန်အသုံးဝင်ပါတယ်။ လက်ကိုင်တပ်ဒယ်အိုးပြားတစ်ခုထဲကို သကြား ၁ ခွက်၊ လီမွန်အရည် ခွက် ၄ ပုံ ၁ ပုံ၊ ရေ ခွက် ၄ ပုံ ၁ ပုံ တို့ကို ‌ရောထည့်လိုက်ပြီး မီးအေးအေးနဲ့ ပွက်အောင်တည်ပါ။ အညိုရောင်သမ်းလာတဲ့အထိ အဆက်မပြတ်မွှေနေပေးပါ။ လိုချင်တဲ့အရောင်ရပြီဆိုပါက အအေးခံလိုက်ပြီး ပန်းကန်လုံးတစ်ခုထဲပြောင်းထည့်ကာ ကိုယ်အမွှေးချွတ်ချင်တဲ့နေရာမှာသုတ်လိမ်းပါ။ ခြောက်သွားပြီဆိုရင် Waxing ခွာသလိုမျိုးပဲ အားနဲ့ဆွဲခွာပလိုက်ပါ။

ရေမြုပ်ကျောက်

ရေမြုပ်ကျောက်က ဆဲလ်သေတွေကို ဖယ်ရှားပေးရုံသာမက အသားအရေကိုလည်း ကျန်းမာလှပစေပါတယ်။ ရေမြုပ်ကျောက်ကို ရေနွေးနွေးမှာ ၁၀ မိနစ်စိမ်ပြီးတော့ လက်နဲ့ခြေထောက်တွေမှာ အသုံးပြုပေးပါ။ အခုလိုမျိုး မကြာခဏအသုံးပြုပေးပါက ခန္ဓာကိုယ်တွင်းအမွှေးအမျှင်တွေကို သက်သာစေမှာဖြစ်ပါတယ်။

Credit: BrightSide