လက်သည်းနီဆိုးရင် gel ဆိုးတာက တောက်ပြောင်နေလို့ ပိုပြီးလှပါတယ်။ အမြဲတမ်းကြီး ဆိုင်မှာ gel သွားဆိုးဖို့ကျတော့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် တစ်ခါတစ်လေ အိမ်မှာလည်း အဆင်ပြေသလိုလေး ဆိုးလို့ရအောင် ရိုးရိုးလက်သည်းနီကို gel လက်သည်းနီ ဆိုးထားတဲ့အတိုင်းလေးဖြစ်အောင် ဘယ်လိုဆိုးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ လက်သည်းနီဆိုးရတာ ဝါသနာပါတဲ့ မိန်းကလေးတွေအတွက်တော့ အသုံးဝင်မယ့် နည်းလမ်းကောင်းလေး ဖြစ်မှာပါ။

အရင်ဆုံး လက်သည်းကို ဆိုင်တွေမှာလုပ်သလိုမျိုး လက်သည်းလုပ်တဲ့ တုတ်ချောင်းလေးနဲ့ ပွတ်တိုက်ပြီး ပုံဖော်ပါမယ်။

လက်သည်းကို ပုံသွင်းပါမယ်။

Cuticle oil ကို လက်သည်းမှာ သုတ်လိမ်းပေးပါ။ လက်သည်းနီအမြဲဆိုးတတ်ရင် cuticle oil ဆောင်ထားသင့်ပါတယ်။

ပြီးရင်တော့ လက်သည်းဖျက်ဆေးနဲ့ လက်သည်းကို သန့်စင်ပါမယ်။

Base coat ဆိုးပါမယ်။

ကိုယ်ဆိုးချင်တဲ့ လက်သည်းနီအရောင်ကို ဆိုးလို့ရပါပြီ။ အားလုံးဆိုးပြီး ခဏနေရင် နောက်တစ်ထပ် ထပ်ဆိုးပေးပါ။

Brush အပြားအသေးလေးနဲ့ လက်သည်းဖျက်ဆေးကိုယူပြီး လက်သည်းနီ အစွန်းထွက်ပေနေတာတွေကို သန့်စင်ပေးပါ။

Gel လက်သည်းနီဆိုးထားသလို လက်သည်းက တောက်ပြောင်ပြီး လှနေဖို့အတွက် gel top coat ကို ထပ်ဆိုးပါမယ်။

ဘေးဘက်မှာ အစွန်းထွက် လက်သည်းနီတွေ ပေနေတာမျိုးမဖြစ်အောင် ခုနကလိုပဲ brush လေးနဲ့ လက်သည်းဖျက်ဆေးကိုယူပြီး လက်သည်းဘေးကို သန့်စင်ပေးပါ။

နောက်ဆုံးမှာတော့ cuticle oil ကို လက်သည်းထောင့်လေးတွေ၊ လက်စွယ်ငုတ်တတ်တဲ့နေရာလေးတွေမှာ လိမ်းပါမယ်။

ဒါဆိုရင်တော့ gel လက်သည်းနီ ဆိုးထားတဲ့အတိုင်းလေး ဖြစ်သွားပါပြီ။ မခြောက်သေးပဲ ပျက်ကုန်တာ၊ တွန့်ကုန်တာမျိုး မဖြစ်အောင် သေချာမခြောက်မချင်း ဂရုစိုက်ဖို့တော့ လိုပါတယ်။