ချွေးပေါက်အရမ်းကျယ်ရင် မျက်နှာမှာ အပေါက်အပေါက်တွေ ဖြစ်နေတာက ထင်းနေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မြင်နေရပြီး အဲ့ကနေ အဆီတွေပြန်ပြီး မိတ်ကပ်ကွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ချွေးပေါက်ကျယ်နေတာတွေကို သေချာဖုံးပေးနိုင်မယ့် မိတ်ကပ်လိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။
Primer
မိတ်ကပ်လိမ်းပြီဆိုတာနဲ့ primer လိုပါတယ်။ ဒီလိုချွေးပေါက်ကျယ်တဲ့သူတွေအတွက်ဆို ပိုတောင်လိုပါတယ်။ ချွေးပေါက်ကျယ်တဲ့သူတွေကျတော့ pore primer မျိုးကို ရွေးသုံးပေးရပါတယ်။
Matte Foundation
ချွေးပေါက်ကျယ်တာနဲ့ အဆီပြန်ပြီးသားပါ။ ဒါကြောင့် ဒီလိုသူတွေက မိတ်ကပ်လိမ်းရင် foundation ကို matte type ဖြစ်ပြီး coverage ကောင်းတာမျိုးကို ရွေးသုံးပေးရင် ပိုကောင်းပါတယ်။ Foundation လိမ်းတဲ့အခါမှာလည်း လက်နဲ့မလိမ်းပါနဲ့ makeup sponge လေးနဲ့ သေချာဖိဖိပြီး ပုပ်လိမ်းပေးတာမျိုး လုပ်ရပါမယ်။ အဓိကကတော့ ချွေးပေါက်ကျယ်တဲ့နေရာတွေကို သေချာလိမ်းပေးပါ။
Finishing Powder
ခုနကပြောသလိုပဲ ချွေးပေါက်ကျယ်တာနဲ့ အဆီပြန်ပြီးသားဖြစ်လို့ foundation လိမ်းပြီးရင် powder ထပ်သုံးပေးရပါတယ်။ သုံးတဲ့အခါမှာလည်း ပွတ်ပြီးမလိမ်းပါနဲ့။ ပုပ်ပြီးလိမ်းပေးပါ။ ဒါမှ အဆီပြန်တာကိုထိန်းပေးပြီး ချွေးပေါက်တွေကိုလည်း သေချာဖုံးပေးနိုင်မှာပါ။ ဒီလိုသေချာမသုံးရင်တော့ အဆီတွေပြန်လာတာနဲ့ မိတ်ကပ်ကွက်ပြီး ချွေးပေါက်တွေ ပြန်ပေါ်လာတာကို မြင်နေရမှာပါ။
Cleansing
မိတ်ကပ်လိမ်းတဲ့အခါမှာ ချွေးပေါက်တွေကို သေချာဖုံးနိုင်ဖို့ အပေါ်က ၃ ဆင့်နဲ့တင် ရပါပြီ။ ဒါပေမယ့် လိမ်းပြီးတဲ့အခါမှာတော့ cleansing သေချာ ပြန်လုပ်ပေးဖို့လိုပါတယ်။ Cleansing သေချာမလုပ်ရင် ခုနက ချွေးပေါက်တွေကိုဖုံးဖို့အတွက် လိမ်းထားတာတွေက မျက်နှာမှာကျန်နေပြီး ချွေးပေါက်ပိတ်ကာ အဆီဖုတွေ၊ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။ ဒါကြောင့် makeup remover နဲ့ သေချာဖျက်ပြီး cleanser နဲ့ မျက်နှာသေချာသစ်ပေးပါ။