တချို့ယောကျာ်းလေးတွေရဲ့အပြုအမူက မြင်ရတဲ့မိန်းကလေးတိုင်းကိုသာမက ယောကျာ်းလေးအချင်းချင်းတောင် အားကျရလောက်အောင် လိုချင်မိတတ်တဲ့သူမျိုးဖြစ်နေတတ်ပါတယ်။ သူ့ချစ်သူကောင်မလေးအပေါ် အရမ်းအလိုက်သိပြီး အရမ်းရိုတတ်တာကို ဘေးကကြည့်တဲ့မိန်းကလေးတွေတောင် ရင်ခုန်ရသလိုမျိုးပေါ့။ အဲ့လိုမျိုး အချစ်ခံရတဲ့ မိန်းကလေးတွေလောက် ကံကောင်းတဲ့သူရှိမှာ မဟုတ်ပါဘူးနော်။

ကဲ…ယောကျာ်းလေးတွေရဲ့ ရုပ်ရည်ရူပကာထက် ဘယ်လိုမျိုးအပြုအမူတွေက မိန်းကလေးတွေကို ကြွေကျ ရူးခါသွားစေလောက်သလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…

သင့်ရှေ့မှာ အမြဲမားမားမတ်မတ်ရပ်တည်ပေးလေ့ရှိတဲ့သူ

သင့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အမြဲကာကွယ်ပေးတတ်ပါတယ်။

အသေးအမွှားလေးကအစ ဂရုစိုက်တတ်တယ်

သင်နဲ့သူ လမ်းလျှောက်တဲ့အချိန်တောင် သင် ညာဘက်က လျှောက်လား ဘယ်ဘက်ကလျှောက်လား လိုက်ကြည့်တတ်တဲ့သူမျိုးရယ်ပေါ့။

အထိအတွေ့

သူက သင်နဲ့ အသားချင်းထိနေရမှ ကျေနပ်တာပါ။ လမ်းလျှောက်တဲ့အချိန် လက်ကလေးဆွဲထားတတ်တယ်။ သင့်ခါးလေးကို တစ်ခါတလေ ဖက်ထားတတ်တယ်။ ဒါတွေက ဘာကြောင့်လဲ။ သူက သင့်ကို အရမ်းချစ်လို့ပါ။

အပြုံး

သင်နဲ့ အတူရှိချိန်တိုင်း သူက ပြုံးပျော်နေတတ်ပါတယ်။

သင်ပြုံးပျော်ဖို့အတွက် ဘာမဆိုလုပ်ပေးချင်နေတာ

သင်ပျော်ဖို့ သူတတ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးဖို့ ဝန်မလေးတဲ့လူမျိုးပါနော်။

နှုတ်ဆက်ပြီးမှ အိပ်လေ့ရှိတဲ့သူ

သင့်ကို အိပ်ရာဝင်ခါနီးတိုင်း Goodnight လို့ပြောပြီးမှသာ အိပ်တတ်တဲ့သူမျိုးပါ။

သဝန်တိုတယ်

သဝန်တိုတတ်တဲ့ ယောကျာ်းလေးတစ်ယောက်က တစ်ခါတလေ မုန်းဖို့ကောင်းသလို ချစ်ဖို့လည်းကောင်းပါတယ်။

တစ်ဘဝလုံးစာ

မိန်းကလေးတစ်ယောက်က သူ့ဘဝတစ်ခုလုံးစာလို့ သတ်မှတ်ထားတဲ့ ယောကျာ်းလေးတစ်ယောက်ဟာ ဆွဲဆောင်မှုအရှိဆုံးပါပဲ။