အချိန်တိုအတွင်း (၅) ပေါင် ကနေ ပေါင် (၂၀) လောက်ကျဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အစားအသောက်နဲ့ လူနေမှုပုံစံတွေ ပြောင်းလဲဖို့လိုရုံသာမက စိတ်ရှည်ဖို့လည်း လိုပါတယ်။

ကံကောင်းစွာပဲ ဒီနေ့မျှဝေပေးချင်တဲ့ နည်းလမ်းကောင်းတချို့ကတော့ အချိန်တိုအတွင်း သင့်ကို ပေါင် ၂၀ အထိ လျင်မြန်စွာ နှင့်အန္တရာယ်ကင်းစွာ ကျစေနိုင်မယ့်နည်းလမ်းတွေဖြစ်ပါတယ်။

ဝိတ်ကျဖို့ကြိုးစားနေတဲ့သူတွေဆိုရင်တော့ ဒီနည်းလမ်းလေးတွေက တကယ်ပဲထိရောက်မှုရှိစေမှာပါ။

(၁) အစားမစားခင် ရေသောက်ပါ

လေ့လာမှုတွေအရ အစားမစာခင်မှာ ရေများများသောက်ခြင်းက ကိုယ်အလေးချိန်ပိုမို ကျစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး သင့်အားဗိုက်ပြည့်စေတာကြောင့် အစားစားချင်စိတ်နဲ့ စားတဲ့ ပမဏကိုလျော့နည်းစေပါတယ်။

အစားစားပြီးတဲ့ နောက်မှာလည်း သင့်ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေဖို့ကူညီပေးတာကြောင့် ရေများများသောက်ခြင်းက ကိုယ်အလေးချိန်လျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။

(၂) ပရိုတိန်းစားသုံးမှုကိုတိုးမြှင့်ပါ

ပရိုတင်းဓာတ်မြင့်မားစွာ စားသုံးခြင်းက ဝမ်းဗိုက်အဆီပိုတွေလျော့ကျခြင်း၊ မလိုလားအပ်တဲ့အဆီပိုတွေကျဆင်းခြင်း နှင့်ကြွက်သားထုထည်တည်ဆောက်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

ပရိုတိန်းဓာတ်က အစာစားချင်စိတ်ကို လျှော့ချပေးပြီး ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေနိုင်တာကြောင့် သင့်ရဲ့တစ်နေ့တာမှာ ပရိုတိန်းဓာတ်များများရတဲ့ အသားတွေ ကြက်ဥ ပဲအမျိုးမျိုး အုတ်ဂျုံစတဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။

(၃) ကယ်လိုရီတွက်စားပါ

ဝိတ်ကျဖို့အတွက် ကယ်လိုရီကို ရေတွက်ခြင်းဟာ အလွယ်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီ တွက်ချက်စားသုံးခြင်းအားဖြင့် သင့်စားသုံးလိုက်တဲ့ အစားအစာတွေမှာရှိတဲ့ ကယ်လိုရီပမဏကို ကောင်းစွာသတိထားမိမှာဖြစ်ပြီး ကယ်လိုရီများတဲ့အစားအစာတွေရှောင်မိဖို့ တွန်းအားဖြစ်စေမှာပါ။

ကယ်လိုရီတွက်ချက်နိုင်တဲ့ အက်ပလီကေးရှင်းတွေ အသုံးပြုနိုင်ပါတယ်။

(၄) အလေးမပါ

အလေးမခြင်းက ကယ်လိုရီလောင်ကျွမ်းစေတဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကြွက်သားထုထည်ကိုလည်း တိုးစေတာကြောင့် ခန္ဓာကိုယ်အဆီပိုတွေကိုရှင်းထုတ်ပေးမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

အလေးမပြီး အနားယူနေစဉ်အတွင်းမှာတောင် ကယ်လိုရီတွေဆက်လက် လောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ချပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အလေးမလေ့ကျင့်ခန်းတွေကို စနစ်တကျနဲ့ ပုံမှန်ပြုလုပ်သွားဖို့လိုအပ်ပါတယ်။

(၅) ကောင်းမွန်တဲ့အိပ်စက်ချိန်တစ်ခုသတ်မှတ်ပါ

ကိုယ်အလေးချိန်လျော့ချဖို့အတွက် အစားအသောက်နဲ့လေ့ကျင့်ခန်းက အရေးကြီးဆိုတာမှန်သော်လည်း အိပ်စက်ချိန်ကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို အနည်းဆုံး (၇) နာရီခန့် အိပ်စက်ခြင်းနှင့် အိပ်ချိန်မှန်မှန်အိပ်စက်အနားယူခြင်းက ကိုယ်အလေးချိန် ကျဆင်းမှုကို ၃၃ ရာခိုင်နှုန်းအထိ တိုးတက်စေပါတယ်။

ဒါကြောင့် ညဘက်မှာစောစော အိပ်စက်အနားယူပြီး ကျန်းမာတဲ့အိပ်စက်ခြင်း စက်ဝန်းတစ်ခုတည်ဆောက်ထားခြင်းက ကိုယ်အလေးချိန်လျော့ချဖို့အတွက်အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။