မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် ကျောင်းမှာ သင်တန်းမှာဘဲဖြစ်ဖြစ် လူတွေကြားမှာထင်ရှားနေပြီး ကိုယ့်ကိုသတိထားမိစေဖို့ဆိုတာ ဒီအတိုင်းတော့ မလွယ်ကူပါဘူးနော်။

လူတွေကြားမှာ ဆွဲဆောင်မှုရှိပြီး တက်ကြွနေချင်တယ် အရင်ကထက် ပိုပြီးတက်တက်ကြွကြွဖြစ်ချင်တယ်ဆိုရင်တော့ ခုဖော်ပြထားတဲ့နည်းလမ်းလေးတွေအတိုင်း နေကြည့်လိုက်ပါ။ လူအများကြား ထင်းပြီး အရင်ကထက် ဆွဲဆောင်မှုရှိလာမှာ အသေချာပါပဲ။

ပြုံးပါ

ပြုးတယ်ဆိုတာ ယုံကြည်မှုနဲ့ပျော်ရွှင်မှုတို့ရဲ့ ကိုယ်ခန္ဓာဘာသာစကားပါ။ အပြုံးကို ပြတာက တခြားသူတွေကို ပိုအာရုံစိုက်မိစေတဲ့အပြင် စိတ်ခံစားချက်ကိုလည်း  သဘာဝအတိုင်း မြှင့်တင်ပေးနိုင်ပါတယ်။
မပြုံးတဲ့သူနဲ့ ပြုံးနေတဲ့သူဆီ ချဉ်းကပ်တဲ့အခါ ဘယ်လိုခံစားရလဲ စဉ်းစားကြည့်ပါ။ သင်ဆိုရင်ကော ?

လှုပ်လှုပ်ရှားရှားနေပါ

လေ့ကျင့်ခန်းလုပ်တာက လူအများက သိပ်စိတ်မဝင်စားတတ်ကြပါဘူး။ တကယ်တော့ တက်တက်ကြွကြွနေတာက စိတ်ခံစားချက်ကို မြှင့်တင်ဖို့နဲ့ ကိုယ်ခန္ဓာကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ အထူးသဖြင့် သဘောကျတဲ့ နေရာတစ်ခုမှာ လမ်းလျှောက်ရင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

အဝတ်အစားသေချာဝတ်ပါ

လက်ရှိ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို သေချာဝတ်ပါ။  လိုက်ဖက်မှုမရှိတဲ့အဝတ်အစားတွေက ဆွဲဆောင်မှုနည်းစေမှာ အသေအချာပါ။

ပိုနားထောင်ပါ

ပတ်ဝန်းကျင်မှာ လူကြိုက်များစေဖို့နဲ့ ပိုပြီးဆွဲဆောင်မှုရှိစေဖို့ဆို တခြားသူတွေပြောတာကို နားထောင်ဖို့ အချိန်ယူပါ။ သေချာနားထောင်ပါ။