Hello..Hello MyStyle Myanmarက အလှပဂေးလေးတို့ရေ… ဒီနေ့ဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ကပ်တွေပြင်ဆင်ခြယ်သစရာမလိုပဲ့နဲ့ သဘာဝအတိုင်း လှပနေစေဖို့ ဘယ်လိုအရာလေးတွေကို လုပ်ဆောင်ပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိတ်ကပ်လိမ်းဖို့ အချိန်မပေးနိုင်တဲ့သူလေးတွေရော မိတ်ကပ်မကြိုက်တဲ့ပျိုမေတို့အတွက်ပါ လုံးဝအသုံးတည့်စေမယ်လို့ ယုံကြည်ပါတယ်နော်။

ဒါဆိုရင် မိတ်ကပ်မလိမ်းထားချိန်မှာလည်း သဘာဝအလှလေးနဲ့ လှလှပပလေးဖြစ်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးမယ်နော်။

မျက်လုံးအလှကို ထင်းခနဲပေါ်အောင် ပြုလုပ်ပါ

မျက်ကွင်းမညိုအောင် အထူးဂရုစိုက်ပေးပါ။ Eye Cream လေးလိမ်းပေးပါ။ မျက်လုံးကို ပိုကြီးတဲ့ပုံပေါ်အောင်လို့ မိတ်ကပ်မလိမ်းရင်တောင်မှ မျက်တောင်ကော့ဆေးနဲ့ မျက်တောင်ပိုထူအောင် ပိုရှည်အောင် ပြုလုပ်ပေးပါနော်။

မျက်ခုံးအလှကို ပေါ်လွင်နေပါစေ

မိတ်ကပ်မလိမ်းထားတဲ့အခါ မျက်ခုံးမွှေးက အာရုံစိုက်ခြင်းခံရပါတယ်။ မျက်ခုံးမွှေးထူတဲ့မိန်းကလေးတွေကလည်း နည်းနည်းလေးပဲ့ဖြစ်ဖြစ် မျက်ခုံးမွှေးပုံဖော်ထားပေးပါ။ မျက်ခုံးမွေးပါးတဲ့မိန်းကလေးတွေကလည်း သံလွင်ဆီဖြစ်ဖြစ်၊ အုန်းဆီဖြစ်ဖြစ် နေ့တိုင်းလိမ်းပေးပြီး မျက်ခုံးမွေးထူလာအောင် ပြုလုပ်လို့ရပါသေးတယ်။

နှုတ်ခမ်းလေးတွေ ပန်းရောင်သမ်းပြီး နူးညံ့ပျော့ပျောင်းနေအောင် ပြုလုပ်ပါ

နှုတ်ခမ်းလေးကို Lip Balms အသုံးပြုခြင်း၊ သံလွင်ဆီ၊ အုန်းဆီ စတဲ့ သဘာဝအဆီများနဲ့ နှုတ်ခမ်းကို အားပြန်ဖြည့်ပေးပါ။

သွားလေးတွေကို ဖြူဖွေးနေအောင် ဂရုစိုက်ပါ

သွားများဖြူဖွေးနေခြင်းက သင့်ကို ဆွဲဆောင်မှုရှိအောင် ကူညီပေးပါလိမ့်မယ်။

Sunscreen လိမ်းပေးပါ

ခရမ်းလွန်ရောင်ခြည်က အရေးအကြောင်းတွေဖြစ်အောင် အိုမင်းရင့်ရော်အောင် ပြုလုပ်ပါတယ်။ အဆိုးဆုံးကတော့ အရေပြားကင်ဆာဖြစ်စေတာပါပဲ၊ ဒါ့ကြောင့် နေပူထဲထွက်ရတော့မယ်ဆိုတာနဲ့ SPF ပါဝင်တဲ့ နေရောင်ခံခရင်မ် မဖြစ်မနေ သုံးပေးဖို့ လိုမယ်နော်။

ဆံပင်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ

ဆံကေသာ တောက်ပဖို့၊ ဗောက်တွေရန်မှ ကာကွယ်ပေးဖို့၊ ဆံသားမွဲခြောက်ခြောက်ဖြစ်ခြင်းတို့ကို အုန်းဆီက အပြည့်အဝကာကွယ်ပေးပါတယ်။ ဆံပင်အဖျားနှစ်ခွဖြစ်ရင်လည်း အဖျားလေးတွေကို ပုံမှန်ညှပ်ပေးလိုက်ပါ၊ ဆံပင်တွေ ပုံသွင်းမယ်ဆိုရင်လည်း အပူဒဏ်ကာကွယ်ပေးတဲ့ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုပေးပါ။

အိပ်ရေးဝဝအိပ်ပါ

ညဘက်ဆိုရင် ၁၁ နာရီထက် မနောက်ကျဘဲ အိပ်ရာဝင်ပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ ညသန်းခေါင်ကျော်လာပြီဆိုရင် Melatonin လို့ခေါ်တဲ့ လှပမှုကိုအထောက်အပံ့ပေးတဲ့ ဟော်မုန်းတွေ ထွက်ရှိလို့ပါပဲ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံးပက်လက်အိပ်ပါ။

Source: Brightside.me