အတိတ်ကို မမေ့နိုင်ပဲ အတိတ်မှာပဲ ပိတ်မိနေရင် ဘယ်တော့မှ အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝမ်းနည်းစရာ အတိတ်တွေထဲကနေပဲဖြစ်ဖြစ်၊ စိတ်ပျက်စရာကောင်းတဲ့ အတိတ်တွေထဲကနေပဲဖြစ်ဖြစ် ရုန်းထွက်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အတိတ်ကိုမေ့နိုင်အောင်ကြိုးစားပါ

အရင်ဆုံးလုပ်ရမှာက အတိတ်ကို မေ့နိုင်အောင် ကြိုးစားဖို့ပါပဲ။ အမှတ်ရစေမယ့် အတိတ်တွေကို ဖျက်စီးပစ်ရမယ်၊ ကိုယ့်မျက်စိရှေ့ကနေရော၊ ကိုယ့်ခေါင်းထဲကနေရော ထုတ်ပစ်ရပါမယ်။ ဒါမှလည်း လက်ရှိမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါ။

ကိုယ့်ကိုယ်ကိုခွင့်လွတ်ပါ

အတိတ်အမှားတွေကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုး မလုပ်ပါနဲ့။ အပြင်တင်စိတ်နဲ့ စိတ်ဆင်းရဲနေရမှာပါ။ ဒါကြောင့် အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ အရှေ့ကိုပဲကြည့်ပါ။ အနောက်ကို ပြန်လှည့်ကြည့်မနေပါနဲ့တော့။

အတွေးမများပါနဲ့

အတွေးများတဲ့သူက တွေးစရာမရှိရင် မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပြီး စိတ်ညစ်လိုက်၊ အတိတ်ကဖြစ်ခဲ့တာတွေကို ပြန်တွေးပြီး ဝမ်းနည်းလိုက်နဲ့ ဖြစ်နေတာပါ။ ဒါကြောင့်လည်း အတွေးများတဲ့သူတွေက သူများထက်ပိုပြီး နှစ်ဆစိတ်ညစ်ရပါတယ်။ ပိုပင်ပန်းပါတယ်။ ဒါကြောင့် အတိတ်တွေကို မေ့ပစ်ချင်ရင် အတွေးမများပါနဲ့။

အလုပ်များများလုပ်ပါ

အားနေရင် အပေါ်မှာပြောခဲ့သလိုပဲ အတိတ်တွေကို ပြန်တွေးလိုက်၊ မမေ့နိုင်ဖြစ်လိုက်၊ ခံစားလိုက်နဲ့ အချိန်ကုန်နေမှာပါ။ ဒါကြောင့် သေချာမမေ့နိုင်ရင် အလုပ်များများလုပ်ပါ။ အလုပ်လုပ်နေရင် အလုပ်ထဲအာရုံရောက်နေလို့ တခြားအရာတွေကို မစဉ်းစားနိုင်တော့ပါဘူး။ မစဉ်းစားတာကြာရင်၊ မတွေးတာကြာရင် မေ့သွားမှာပါ။

လက်ရှိမှာအကောင်းဆုံးဖြစ်အောင်နေပါ

အတိတ်ကိုမေ့ပစ်လိုက်ပြီး လက်ရှိမှာ အကောင်းဆုံးဖြစ်အောင် နေထိုင်ပြီး ပျော်စရာတွေပဲ ဖန်တီးပါ။ ကိုယ်ပျော်မယ့်အရာတွေကိုပဲလုပ်ပါ။ ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ ဒါဆိုရင်တော့ အတိတ်တွေထဲကနေ ကောင်းကောင်းရုန်းထွက်နိုင်ပြီး ပျော်ရွှင်လာမှာပါ။