ကိုယ့်ကိုမချစ်တဲ့ တခြားတစ်ယောက်ယောက်က ကိုယ့်ကို ချစ်ဖို့ မျှော်လင့်နေရတာ အရမ်းပင်ပန်းလွန်းလှပါတယ်။ ဒီလို အဆင်မပြေတဲ့ Relationship ကို ထိန်းသိမ်းရတာလည်း မလွယ်ကူပါဘူး။ ဒီလိုအပင်ပန်းခံနေမယ့်အစား စွန့်လွှတ်လိုက်ပါ။

လမ်းခွဲဖို့က ခက်တယ်လို့ လူတွေကပြောကြပေမယ့် နည်းလမ်းသိရင်တော့ လွယ်လွယ်လေးပါ။ အဓိကက အတိတ်ကို စွန့်လွှတ်နိုင်ဖို့ပါပဲ။ ဒါပေမယ့် လမ်းခွဲပြီးနောက်ပိုင်း လူအများစုက အတိတ်က အားနည်းချက် ဖြစ်မှာကို ကြောက်တယ်။ ထိခိုက်မှာကို ကြောက်တယ်။ ထပ်ပြီးနာကျင်ရမှာကို ကြောက်ပြီး ထပ်တူကျတဲ့ဖြစ်ရပ်မျိုး ထပ်ဖြစ်မှာကို အများစုက ကြောက်ကြတယ်။

Relationship ဟောင်းကို ဆုပ်ကိုင်ထားမယ်ဆိုရင် အခုက စွန့်လွှတ်ဖို့ အကောင်းဆုံးအချိန်ပါ။ မကောင်းတဲ့ Relationship တစ်ခုကနေ Move on လုပ်နိုင်ဖို့ ဒီအချက်တွေလုပ်ကြည့်ပါ။

နောင်တတွေကို ခွင့်လွှတ်တတ်အောင် လေ့ကျင့်ပါ

အရာရာတိုင်းက လက်တွေ့ကျပြီး အတွေးနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရတာက မတူပါဘူး။ အတိတ်ကို ပြန်တွေးမိနေရင် ခေါင်းထဲကအတွေးတွေကို ဆွဲထုတ်လိုက်ပါ။ လက်ရှိအခြေအနေမှာရှိနေတဲ့ ကောင်းတဲ့အရာတွေကိုဘဲ အာရုံစိုက်လိုက်ပါ။

ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ ကြိုးစားပါ

ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်ကို ချစ်ခဲ့မိတာက ဘဝရဲ့ အကြီးမားဆုံး အမှားကိုလုပ်ခဲ့တာလို့ ထင်ရသလို မချစ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ နာကျင်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား ကိုယ်ဟာလူထဲက လူတစ်ယောက်ဖြစ်နေတာမလို့ အမှားလုပ်ပိုင်ခွင့်ရှိပါတယ်။ အမှားတွေကို ဘဝအတွက် သင်ခန်းစာအဖြစ်မှတ်ယူပြီး ‌ရှေ့ဆက်မယ့်ဘဝအတွက် အသုံးချလိုက်ပါ။

ဆုံးရှုံးသွားတဲ့ အချိန်ကို မတွေးပါနဲ့

မကောင်းတဲ့ဆက်ဆံရေးကြောင့် ကုန်သွားခဲ့ရတဲ့အချိန်တွေကို ပြန်တွေးပြီး စိတ်ညစ်မနေပါနဲ့။ အတိတ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး အချိန်ကုန်တယ်လို့ ခံစားမိတယ်ဆိုရင် အခုလက်ရှိအချိန်ကို အာရုံစိုက်ပြီး ရှေ့ဆက်နိုင်ဖို့အတွက် ကြိုးစားလိုက်ပါ။

အဆိုးကိုလည်း သတိရပါ

လူတိုင်းဟာ ပြီးပြည့်စုံတဲ့လူတိုင်းတော့မဟုတ်ပါဘူး။ Relationship တစ်ခုပျက်စီးသွားတယ်ဆိုတာ တကယ်တော့ နှစ်ယောက်စလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိကြပြီး အမှားတွေ လုပ်မိတတ်တာကြောင့်ပါ။ မကောင်းတဲ့ ဆက်ဆံရေးကိုရပ်စဲခဲ့ပေမယ့် ကိုယ်လုပ်ခဲ့မိတဲ့အမှားတွေကိုလည်း သတိထားပြီး နောက်ဖြစ်လာမယ့် Relationship အတွက် သတိထားဆင်ခြင်သင့်ပါတယ်။