အလုပ်လုပ်တဲ့အခါမှာ စိတ်ဖိစီးမှုတွေများနေရင် အလုပ်လုပ်ရတာ မပျော်တော့သလို အမြဲတမ်းလည်း စိတ်ညစ်နေရမှာပါ။ စိတ်ညစ်ပြီး စိတ်တွေရှုပ်ထွေးလာလေ အလုပ်လုပ်ရတာလည်း စိတ်မပါလေဖြစ်လာမှာပါ။ ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာ စိတ်ဖိစီးမှုနည်းစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့်အလုပ်ကိုပဲအာရုံစိုက်ပါ

ကိုယ့်အလုပ်ကိုအာရုံစိုက်ပြီးလုပ်မှသာ အလုပ်မြန်မြန်ပြီးမယ်၊ အချိန်ကုန်သက်သာမယ်၊ လုပ်ရတာလည်း စိတ်ပါလက်ပါနဲ့ တက်ကြွမှုရှိပါမယ်။ အလုပ်မပြီးရင် စိတ်ဖိစီးလာမှာပါ။

အလုပ်အကြွေးမထားပါနဲ့

အရေးကြီးတဲ့အချက်ကတော့ အလုပ်အကြွေးမထားဖို့ပါပဲ။ အလုပ်အကြွေးထားရင် များပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ လုပ်ရတာလည်း ပျင်းလာမယ်၊ အလုပ်တွေပိပြီး စိတ်ဖိစီးလာမယ်။ Deadline နီးလို့မှ မပြီးသေးရင် ပိုတောင်စိတ်ဖိစီးရပါလိမ့်မယ်။

မနိုင်ဝန်မထမ်းပါနဲ့

ကိုယ့်ကိုတာဝန်ပေးလာတဲ့အခါ ကိုယ်လုပ်နိုင်သလောက်ပဲ လက်ခံပါ။ မလုပ်နိုင်ရင် အပြတ်ငြင်းပါ။ မနိုင်ဝန်ထမ်းပြီးလုပ်ရင် စိတ်ဖိစီးရမှာပါ။

Relax လုပ်ဖို့မမေ့ပါနဲ့

အလုပ်လုပ်တဲ့အခါမှာ Relax လုပ်ဖို့မမေ့ပါနဲ့။ အလုပ်လုပ်ရင်း သီချင်းနားထောင်တာမျိုး၊ မုန့်စားတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ ဒါမှလည်း စိတ်ပျော်ရမှာပါ။ တစ်ထိုင်တည်း အကြာကြီးအလုပ်ထိုင်မလုပ်ပဲ ၂ နာရီခြားတစ်ခါလောက် ထပြီးလမ်းလျှောက်တာ၊ အကြောဆန့်တာမျိုးတွေကို ၅ မိနစ်၊ ၁၀ မိနစ်လောက် လုပ်ပေးပါ။ ဒါဆိုရင် စိတ်ရောကိုယ်ပါ Relax ဖြစ်ပြီး စိတ်ဖိစီးမှုလျော့ကျစေပါတယ်။

အရမ်း Emotion မဖြစ်ပါနဲ့

အလုပ်လုပ်တဲ့အခါ အရမ်း Emotion ဖြစ်ရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးက စိတ်ဖိစီးရပါတယ်။ အဆင်မပြေဘူး၊ မရဘူးနဲ့ငြီးတွားနေရင် ပုံမှန်ထက်ပိုပြီးတော့ကို စိတ်ရှုပ်ထွေးရတယ်၊ စိတ်ဖိစီးရပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန်အတိုင်းလေးပဲ ကိုယ့်အလုပ်ကို ပြီးအောင်လုပ်သွားပါ။