သင်က လေ့ကျင့်ခန်းအမြဲလုပ်လေ့ရှိတဲ့လူလား ? Gym မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် နေ့တိုင်း လေ့ကျင့်ခန်းလုပ်သူတစ်ယောက်ဆိုရင် ချွေးတွေကြောင့် ဆံပင်ပျက်စီးတာကနေကာကွယ်ဖို့ ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။

လေ့ကျင့်ခန်လုပ်တဲ့အချိန် ချွေးတွေနဲ့ဆံပင်ထိတဲ့အခါ မျက်နှာမှာ ယားယံတာတွေ ၊ ဝက်ခြံတွေဖြစ်စေနိုင်တာမလို့ WorkOut လုပ်တော့မယ်ဆို ဆံပင်ကို စည်းထားတာ ကျစ်ဆံမြီးကျစ်တာ ဒါမှမဟုတ် ထုံးထားပါ။

ဆံပင်တင်းတင်းစည်းတဲ့အခါ ဆံပင်တွေပြတ်တာကို ကာကွယ်နို်င်ဖို့ ပျော့တဲ့ခေါင်းစည်းကြိုးကို ရွေးပါ။

ခေါင်းစည်းတဲ့အခါ အရမ်းတင်းလွန်းအောင်စည်းရင် ဆံပင်တွေ ပြတ်ထွက်ကုန်နိုင်တာမလို့ အရမ်းတင်းကျပ်အောင်စည်းတာမျိုး ရှောင်ပါ။

နေ့လည်ခင်း နေရောင်အောက်မှာ လေ့ကျင့်ခန်းလုပ်တာက ဆံပင်အရောင်ကို ပျက်စီးစေတာကြောင့် အပြင်မှာ လေ့ကျင့်ခန်းလုပ်မယ်ဆို နေရောင်ကာခရင်မ်ကို သေချာလိမ်းပြီး UV Protection spray နဲ့ ကာကွယ်ပါ။

မလျှော်ရသေးတဲ့ဆံပင်က ဘက်တီးရီးယားနဲ့ မှိုတွေရဲ့အရင်းအမြစ်ဖြစ်တာမလို့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဆံပင်ကို နေ့တိုင်းလျှော်ပေးပါ။ လျှော်တဲ့အခါ ဆာလ်ဖိတ်မပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ။