ဦးရေပြားအဆီအရမ်းပြန်တာက နွေရာသီလိုပူပြင်းတဲ့ ရာသီဥတုမျိုးမှာဆို ပိုပြီးဖြစ်ပါတယ်။ အဆီနဲ့ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ရောပြီး ဂျီးတက်ကာ ဦးရေပြားယားယံတာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် ဦးရေပြားအဆီအရမ်းပြန်ပြီး ယားယံတာကို သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Conditioner ကိုဦးရေပြားမထိပါစေနဲ့

ခေါင်းလျှော်ပြီး conditioner သုံးတဲ့အခါမှာ ဦးရေပြားထိအောင် မသုံးပါနဲ့။ ဆံပင်တစ်ဝက်ကနေပဲ စသုံးပါ။ ဦးရေပြားထိရင် လျှော်ပြီးခါစမှာပဲ ဆံပင်တွေကပ်သွားပါတယ်။ နောက်တစ်ရက် နှစ်ရက်လောက်ဆိုရင် ဆံပင်က စေးကပ်သွားတာပါပဲ။ ဆံပင်အဆီလည်း ပိုထွက်စေပါတယ်။ ဦးရေပြားထိအောင်သုံးပြီး သေချာပြောင်အောင် ရေမဆေးချရင် ဗောက်ထပြီး ဦးရေပြားယားစေပါတယ်။

ပေါင်ဒါသုံးပါ

ဦးရေပြားအဆီအရမ်းပြန်လို့ ခဏခဏခေါင်းလျှော်နေရင် ပိုပြီးအဆီပြန်ပါတယ်။ ဒါကြောင့် ပေါင်ဒါဆောင်ထားပြီး သုံးပေးပါ။ ဆံပင်စေးကပ်နေတာတွေ ဖွာသွားပြီး ခေါင်းလျှော်လိုက်သလို ကြည့်ကောင်းသွားပါလိမ့်မယ်။

ခေါင်းဖြီးပေးပါ

ဆံပင်ကိုပြီးစလွယ်ချည်ထား၊ ထုံးထားပြီး တစ်နေလုံး ခေါင်းမဖြီးပဲ ပစ်ထားတာမျိုးတွေက ဆံပင်အဆီပြန်ပြီး ယားယံတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းဖြီးပေးပါ။ ဦးရေပြားယားတာလည်း သက်သာစေပါတယ်။

Scalp Trestment

ဦးရေပြားအတွက် scalp treatment ကို အနည်းဆုံး တစ်လတစ်ခါတော့ ဆိုင်မှာလုပ်ပေးပါ။ ဦးရေပြားကျန်းမာစေပြီး ဦးရေပြားအဆီပြန်တာတွေ၊ ဗောက်ထပြီး ယားယံတာတွေ သက်သာစေပါတယ်။

Hair Serum ကို ဆံသားပဲလိမ်းပါ

Hair serum တွေ hair oil တွေမလိမ်းရင်လည်း ဆံပင်ကဖွာပြီး ပျက်စီးသလိုတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လိမ်းပေးဖို့တော့လိုပါတယ်။ ဒါပေမယ့် ဦးရေပြားကိုမလိမ်းပါနဲ့။ ဆံသားကိုပဲ နည်းနည်းလိမ်းပေးပါ။ ဆံပင်အဖျားလေးတွေကို များများလိမ်းပေးပါ။ ကိုယ်က ဦးရေပြားအဆီပြန်တတ်တယ်ဆိုရင် လိမ်းလိုက်ရင် စေးကပ်သွားတဲ့ hair serum, hair oil တွေကိုရှောင်ပါ။