အရပ်ပုနေလို့ စိတ်ညစ်နေရပါသလား?? အသက် ၂၀ မကျော်မချင်း အရပ်ရှည်ထွက်လာအောင် လုပ်လို့ရပါသေးတယ်နော်။ အရပ်ရှည်ဆေးသောက်တာထက်စာရင် သဘာဝနည်းလမ်တွေးနဲ့ အရပ်ရှည်အောင်လုပ်တာက ပိုပြီးထိရောက်ရုံမက ဘေးဥပါဒ်ကင်းစေပါတယ်။ ဒါကြောင့် အသက် ၂၀ မကျော်သေးဘူးဆိုရင်တော့ အရပ်ရှည်လာအောင် ဒီအရာလေးတွေကို လုပ်ကြည့်သင့်တယ်နော်။

နေထိုင်မှုပုံစံ

နေထိုင်မှုပုံစံမှားယွင်းနေရင်လည်း အရပ်ရှည်မလာတာမျိုးတွေ၊ အရှည်ရှည်နည်းတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အထိုင်များတာနဲ့ ခွေခေါက်နေတာမျိုးတွေက အရပ်ရှည်ဖို့ကို နှေးကွေးစေပါတယ်။ ဒါကြောင့် အရပ်ရှည်ချင်ရင် ထိုင်တဲ့အခါမှာ ခါးကိုဆန့်ပြီး မတ်မတ်ထိုင်ပါ။ ပုံမှန် မနက်တိုင်း ပြေးတာမျိုး၊ လမ်းလျှောက်တာမျိုးကိုလည်း ပြုလုပ်ပေးပါ။ အိပ်တဲ့အခါတွေမှာလည်း ကွေးပြီးမအိပ်ပဲ ခြေထောက်တွေ၊ လက်တွေကို ဆန့်ပြီးအိပ်ပါ။ ပတ်လက်အိပ်ပေးမယ်ဆိုရင်တော့ ခါးရိုးကိုဆန့်ပေးသလိုဖြစ်တဲ့အတွက် ပိုကောင်းပါတယ်။ အိပ်ရေးဝဝအိပ်ပေးခြင်းကလည်း အရပ်ရှည်ဖို့ အထောက်အကူဖြစ်စေပါတယ်။

အစားအသောက်

အရပ်ရှည်ချင်တယ်ဆိုရင်တော့ အရင်ဆုံး စားသောက်မှုပုံစံကို ပြောင်းလဲပေးပါ။ အဓိကကတော့ ပရိုတင်းဓာတ်ပါတဲ့ အစားအသောက်တွေကို များများစားပေးပါ။ နွားနို့တစ်ခွက်နဲ့ ကြက်ဥတစ်လုံးကို တစ်နေ့ နှစ်ကြိမ် မနက်၊ ည ပုံမှန်စားပေးရပါမယ်။ အသီးအရွက်၊ ပဲအမျိုးမျိုးနဲ့ အသားဓာတ်ရအောင် ကြက်သား၊ အမဲသားနဲ့ ငါးအမျိုးမျိုးကိုလည်း စားသုံးပေးပါ။ ဒီအစားအစာတွေက သင့်ကို အရပ်ရှည်လာစေဖို့ အရမ်းအထောက်အကူဖြစ်စေပါတယ်။

အားကစား

အားကစားလုပ်ပေးခြင်းကလည်း အရပ်ရှည်လာစေဖို့ များစွာအထောက်အပံ့ပေးပါတယ်။ ရေးကူးပေးခြင်းနဲ့ ဘတ်စကတ်ဘောကစားပေးခြင်းက အရပ်ရှည်ဖို့အတွက် အရမ်းကိုအထောက်အကူဖြစ်စေတဲ့ အားကစားတွေပါ။ ဒါ့အပြင် ကြိုးခုန်တာ၊ ကြက်တောင်ရိုက်တာနဲ့ ဘားခိုတာတို့ကို လုပ်ပေးခြင်းကလည်း အရပ်ရှည်လာစေဖို့ အရမ်းအထောက်အကူဖြစ်စေတဲ့ အားကစားနည်းတွေပါ။ ဒီအားကစားနည်းတွေကို နေ့တိုင်းပုံမှန်လုပ်ပေးရင်တော့ သိသိသာသာ အရပ်ရှည်လာပါတယ်။