အလုပ်မှာစိတ်ဖီးစီးမှုများခြင်း၊ လုံလောက်တဲ့ အိပ်ချိန်မရရှိခြင်းနဲ့ အသင့်စားအစားအစာတွေက သင့်ခန္ဓာကိုယ်အလေးချိန်တက်စေပါတယ်။ အသင့်စားအစားအစာတွေကလည်း အရသာရှိတယ်ဆိုတော့ မစားရမနေနိုင်အောင် ဆွဲဆောင်ကြတာပါပဲ။ အစားအသောက်လည်း မလျော့ချင် ပြင်းထန်တဲ့အားကစားမလုပ်ချင်ဆိုသူများအတွက် တက်လာတဲ့ကိုယ်အလေးချိန်ကို ပြန်လည်လျော့ချဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စောစောအိပ်ရာထပါ

တစ်နေ့ကို ၈ နာရီ ၉နာရီကြာလောက်အိပ်ပြီး မနက်ကျ ၁၀ နာရီ ၁၁ နာရီမှ ထတဲ့သူတွေက စောစောထတဲ့သူတွေထက် အစားပိုစားဖြစ်တတ်ပါတယ်။ အထူးသဖြင့် အချိုဓာတ်၊ အငန်ဓာတ်၊ အဆီဓာတ်များတဲ့ အစားအစာတွေကိုပေါ့။

၂။ ရယ်ရယ်မောမောနေပါ

အားရပါးရ ရယ်လိုက်ခြင်းကြောင့် ကယ်လိုရီလောင်ကျွမ်းသွားခြင်းက လမ်းလျှောက်ခြင်းကြောင့် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီနဲ့ ထပ်တူကျပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်ခန့် ရယ်မောခြင်းက ကယ်လိုရီ ၄၀ ကနေ ၁၇၀ အထိ လောင်ကျွမ်းစေပါတယ်။ အထူးသဖြင့် ဗိုက်ကအဆီတွေကို ပြားချပ်သွားစေ ပါတယ်။

၃။ ရေများများသောက်ပါ

ရေများများသောက်ခြင်းက အဆီလောင်ကျွမ်းခြင်း ဖြစ်စဉ်ကို ကူညီပေးပါတယ်။

၄။ နည်းနည်းနဲ့ အကြိမ်ရေများများစားပါ

Photo Source: www.capitalfm.co.ke

အစားအသောက်နည်းနည်းနဲ့ အကြိမ်ရေများများစားခြင်းက ကိုလက်စထရောကို ၁၅ ရာခိုင်နှုန်း၊ အင်ဆူလင်ပမာဏကို ၂၈ ရာခိုင်နှုန်းခန့် လျော့ချပေးပါတယ်။ အင်ဆူလင်က သင့်သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးရာမှာ အရေးပါပါတယ်။

၅။ ဖုန်းစခရင်မ် အရောင် မှိန်ထားပါ

အိပ်ရာဝင်ခါနီးအချိန်မှာ ဖုန်းစခရင်မ်အလင်းရောင်ကို လျော့ချထားမယ်ဆိုရင် ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့ ကူညီပေးပါတယ်။ အလင်းရောင်တောက်တောက်ကြီးကို မြင်နေရတဲ့အခါ သင့်ဦးနှောက်က Melatonin ဟော်မုန်းထုတ်လုပ်မှာ ရပ်ဆိုင်းသွားပြီး အိပ်ရေးပျက်အောင် ပြုလုပ်ပါလိမ့်မယ်။ အိပ်ရေးပျက်ခြင်းကလည်း ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိက တရားခံပါပဲ။

၆။ ကယ်လိုရီ ရေတွက်ခြင်းအကျင့်ကို ဖျောက်ဖျက်ပါ

Photo Source: theeblueroom.bupa.com.au

ကယ်လိုရီပမာဏကို နှိုင်းယှဉ်ခြင်းထက်စာရင် အစားအသောက်ရဲ့အာဟာရရရှိမှုပမာဏကို ယှဉ်ကြည့်ပါ။ ဥပမာ ကယ်လိုရီများတဲ့ ဘာဂါက ကျန်းမာရေးကို ထိခိုက်နိုင်ပေမယ့် မြေပဲထဲမှာ ပါဝင်တဲ့ ကယ်လိုရီတွေကတော့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစာတွေက ကယ်လိုရီပါဝင်မှုများပေမယ့်လည်း သင့်ခန္ဓာကိုယ်ကို ဗီတာမင်နဲ့ သတ္တုဓာတ်များကြွယ်ဝစေတဲ့အပြင် ဆာလောင်မှုကိုလည်း လျော့ချပေးပါတယ်။

၇။ အိပ်ရေးဝဝအိပ်ပါ

ည ၁၀ နာရီအိပ်ရာဝင်ပြီး မနက် ၆ နာရီအိပ်ရာထခြင်း၊ ည ၁၁ နာရီအိပ်ရာဝင်ပြီး မနက် ၇ နာရီ အိပ်ရာထခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပြီး အဝလွန်ခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။ အိပ်ချိန် ၅ နာရီထက်နည်းပါးတဲ့သူတွေက ကိုယ်အလေးချိန် သိသိသာသာ တက်နိုင်ပါတယ်။

Source: Brightside.me