ရည်းစားဟောင်းကို လွမ်းလို့ပြန်ဆက်သွယ်တဲ့အခါ ပြန်တွဲဖို့ တောင်းပန်တဲ့အခါ တချို့က လက်ခံပေမယ့် တချို့ကျတော့ လုံးဝလက်မခံပဲ ခါးခါးသီးသီး ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ဆီပြန်မလာချင်ပဲ ခါးခါးသီးသီးဖြစ်နေတာကို အတင်းလုပ်ယူနေရင်လည်း ကိုယ့်ကိုပိုမုန်းသွားဖို့ပဲ ရှိပါတယ်။ အကောင်းဆုံးကတော့ မေ့ပစ်ဖို့ကြိုးစားတာ၊ လက်လွှတ်ဖို့ကြိုးစားတာပါပဲ။ ဒါကြောင့် ကိုယ့်ဆီပြန်မလာချင်တဲ့ ရည်းစားဟောင်းကို လက်လွှတ်နိုင်ဖို့ ကူညီပေးမယ့်နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

အလုပ်များများလုပ်ပါ

အလုပ်များများလုပ်ပြီး အလုပ်ရှုပ်နေရင် တခြားကိုလည်း သိပ်ပြီးစိတ်မရောက်တော့ပါဘူး။ စိတ်ကိုလည်း စုစည်းနိုင်ပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိစေပြီး ကိုယ့်မတွေးချင်တဲ့သူအကြောင်းကိုလည်း မတွေးမိအောင် နေနိုင်မယ့် နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ပျော်ပါးပါ

စိတ်ပြေလက်ပျောက်ဖြစ်ပြီး ပေါ့ပါးမှုရရှိစေဖို့ ပျော်ရွှင်မှု ပြန်လည်ရရှိစေဖို့ဆိုရင် သူငယ်ချင်းတွေနဲ့ ပျော်ပါးတာက အကောင်းဆုံးပါပဲ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ပျော်ပါးပါ။ ရင်ဖွင့်စရာရှိရင် ရင်ဖွင့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

တခြားအပြောင်းအလဲတစ်ခုစတင်ကြည့်ပါ

ကိုယ်ဝါသနာပါတဲ့အရာဖြစ်ဖြစ်၊ အသစ်တစ်ခုခု စတင်သင်ယူပြီး လုပ်ဆောင်တာမျိုးပဲဖြစ်ဖြစ် စတင်ကြည့်ပါ။ တခြားအပြောင်းအလဲတစ်ခုကို စတင်တဲ့အခါ အဲ့ကိုစိတ်နှစ်ထားမိတဲ့အတွက် တခြားကို သိပ်မတွေးဖြစ်တော့ဘူး၊ တခြားကိုစိတ်မရောက်တော့ပါဘူး။

ဆက်သွယ်လို့မရအောင်လုပ်ထားပါ

လူ့စိတ်က ဘယ်လောက်ပဲထိန်းချုပ်ထားပါစေ ခဏလောက်အားတာနဲ့ အတွေးထဲဝင်လာတာနဲ့ စိတ်ကိုမထိန်းနိုင်တဲ့အခါ ဆက်သွယ်လို့ရနေရင် ဆက်သွယ်မိနေမှာပါ။ ဒါကြောင့် ဆက်သွယ်လို့မရအောင် လုပ်ထားဖို့လိုပါတယ်။

တခြားသူနဲ့ Chat ကြည့်ပါ

တစ်ယောက်ထဲကိုပဲမျှော်နေမယ့်အစား တခြားသူတွေနဲ့လည်း တွေ့ကြည့်ပါ။ တခြားသူတွေနဲ့ Chat ကြည့်ပါ။ စိတ်အပြောင်းအလဲဖြစ်ပြီး ကုစားနိုင်ပါတယ်။ တစ်ယောက်ယောက်အပေါ် စိတ်ရောက်သွားတဲ့အခါ ရည်းစားဟောင်းကိုလည်း လက်လွှတ်နိုင်လာပါလိမ့်မယ်။